ရန်ကုန်မြို့၊ မဟာဗန္ဓုလလမ်းပေါ်တွင် Telenor ဆင်းမ်ကတ်များအား လမ်းဘေး၌ ရောင်းချနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ကိုစိုးသူထွန်းက "အပြင်မှာ ချရောင်းနေတဲ့ကတ်တွေက မှတ်ပုံမတင်ဘဲ
ရောင်းနေတာဆိုရင် မဝယ်သင့်ဘူး။ ကတ်ပျောက်၊ ကတ်ပျက်တဲ့ အခါ
အသစ်ပြန်လျှောက်လို့ မရနိုင်ဘူး။ ကတ်ထဲမှာပါသွားတဲ့ ပိုက်ဆံလည်း
ပြန်မရနိုင်ဘူး။ မှတ်ပုံ မတင်ထားဘူးဆိုရင် အခြား ဝန်ဆောင်မှုတွေ လည်း
မရနိုင်ဘူး" ဟု ဆိုသည်။တယ်လီနောအရောင်းဆိုင်များတွင် ဆင်းမ်ကတ်များကို ငွေဖြည့်ကတ်နှင့် တွဲဖက်ရောင်းချပြီး ဆင်းမ်ကတ်တန်ဖိုး ကျပ် ၁၅၀၀ ဖြင့်သာ ရောင်း ချသည်။ ပြင်ပဈေးကွက်တွင် ငွေဖြည့်ကတ်မပါ ကျပ် ၄၀၀၀ ခန့်ဖြင့်ရောင်းချနေပြီး ယင်းဆင်းမ်ကတ်များကို မှတ်ပုံတင် စာရင်းသွင်းပေးခြင်း မရှိဘဲ ရောင်းချခြင်း ဖြစ်သည်။
မှတ်ပုံတင်ရန် မလိုသည့် ပြင်ပဆိုင်များတွင် ဆင်းမ်ကတ် ဝယ်ယူမှု ပိုမိုများပြားပြီး အခြားဆောင်ရွက်ရန် မလိုဘဲ ကတ်အဆင်သင့်ရနိုင်သဖြင့်
ဝယ်ယူမှု ပိုများခြင်းဖြစ်နိုင်သည်ဟု ပန်းဆိုးတန်း တစ်ဝိုက်တွင် ဗန်းဖြင့် ဆင်းမ်ကတ် ချရောင်းနေသူများက ဆိုသည်။
ဆင်းမ်ကတ် ရောင်းချသူတစ်ဦးက "ဒီမှာ ရောင်းတဲ့ပုံစံက ပိုက်ဆံပေး ကတ်ယူသွားဒါပဲ။ တခြားလုပ်စရာ ဘာ မှမလိုဘူး။ တစ်နေ့ ကတ် ၂၀ ကနေ ၄၀ ကြားရောင်းရပါတယ်။ ဈေးကတော့ ၄၀၀၀ ၀န်းကျင် လောက်နဲ့ ရောင်းကြတယ်။ ဒီတစ်ဝိုက်မှာတင် တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူး" ဟု ဆိုသည်။
ဖုန်းအသုံးပြုသူတစ်ဦးက "ကျွန်တော်တော့ မှတ်ပုံတင်ဖို့မလိုဘဲ ရောင်းနေတာတွေကို ၀ယ်ဖို့ မစဉ်းစားဘူး။ ကတ်ပျောက်သွားရင် ပြန်မရနိုင် တာရော၊ ၁၅၀၀ တန်ပစ္စည်းကို ဈေးပို မပေးချင်တာရောကြောင့်ပါ။ ကတ်ပျောက် ကတ်ပျက်လို့ ပြန်လျှောက်လို့မရရင် နံပါတ်အသစ် ဖြစ်သွား မှာဆိုတော့ ဆက်သွယ်ရ ခက်သွားမယ်" ဟု ၎င်း၏ အမြင်ကို ပြောသည်။
တယ်လီနောမြန်မာ၏ ဆင်းမ်ကတ်များကို ချထားပေးမည့် နေရာ၏ ကွန်ရက်လွှမ်းခြုံမှုပမာနအလိုက် ချထားပေး နေသည်ဟု ကိုစိုးသူထွန်း က ပြောသည်။
၎င်းက " ကွန်ရက် လွှမ်းခြုံနိုင်မှု အခြေအနေအပေါ်မူတည်ပြီး ချပေးနေပါတယ်။ ကိုယ်စားလှယ်ဆိုင်တွေကို လည်း ချထားပေးထားပါတယ်" ဟု ဆိုသည်။
တယ်လီနောမြန်မာက စက်တင်ဘာလတွင် စတင်ဝန်ဆောင်မှု ပေးခဲ့ပြီး နိုဝင်ဘာလ အထိတွင် ဆင်းမ်ကတ် ၂ သန်းကျော် ချထားပေးပြီး ဖြစ်ပြီး ရန်ကုန် အတွက် တာဝါတိုင် ၃၄၈ တိုင် စိုက်ထူထားသည်ဟု ကိုစိုးသူထွန်းက ဆိုသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2014-09-12-10-43-43/item/34516-2014-12-11-05-48-42
No comments:
Post a Comment