(ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)
"ဒီကိစ္စက အစိုးရအဖွဲ့အစည်းမပါဘဲနဲ့ သုံးပွင့်ဆိုင်တွေ့ပြီး
ဖြေရှင်းချင်တယ်။ သူတို့ဘက်ကလည်း ပွင့်ပွင့်လင်းလင်းချပြ။
ဒါမှအဖြေထွက်မှာပါ။ ဒီလိုမှ မတွေ့ဘူးဆိုရင်တော့ ပြဿနာတွေက အေးမှာမဟုတ်ဘူး။
ဆက်ဖြစ်နေမှာပဲ"ဟု သပိတ်စခန်းမှ တောင်သူ တစ်ဦးဖြစ် သည့် ဒေါ်အေးမေက
မဇ္ဈိမကို ပြောသည်။လက်ရှိ ကုမ္ပဏီနှင့် ဒေသခံများအကြား ဖြစ်ပွားနေသည့် ပဋိပက္ခများ ဆက်လက်မဖြစ်ပွားရန် ရည်ရွယ်၍ တွေ့ဆုံရန် ဆုံးဖြတ်ခြင်း ဖြစ်သည် ဟု ဆိုသည်။
လက်ပံတောင်း ကြေးနီစီမံကိန်း တာဝန်ခံ ဦးလှစိန်မှ "ခြံစည်းရိုးခတ်တာ ရပ်ထားတယ်။ တွေ့ဆုံဖို့ကတော့ ကျွန်တော်အနေနဲ့ ဆုံးဖြတ်လို့ မရပါဘူး" ဟု ပြောသည်။
လက်ပံတောင်း ဒေသခံများက ဒီဇင်ဘာ ၃၁ရက်တွင် သုံးပွင့်ဆိုင် တွေ့ဆုံရေး၊ ဒေါ်ခင်ဝင်း သေဆုံးမှုကို ဥပဒေနှင့်အညီ အရေးယူပေးရန် အပါအဝင် အချက်လေးချက်ဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
"ဘုန်ကြီးတို့ ဒီနေ့ကတော့ အေးအေးဆေးဆေးပဲ။ သူတို့ဘက်လည်း ဘာလှုပ်ရှားမှုမှမရှိပါဘူး။ ဘုန်ကြီးတို့ ဒေသခံတွေအနေနဲ့လည်း ဘာမှဆက်မလုပ်ဘူး။ တောင်းဆိုမှုတွေပဲ လုပ်နေတယ်"ဟု ဆရာတော် ဦးစန္ဒာသီရိ က မဇ္ဈိမကိုမိန့်ကြားသည်။
ဒီဇင်ဘာ ၃၁ရက်တွင် ကုမ္ပဏီဘက်မှ ခြံစည်းရိုးခတ်ခြင်းကို ရပ်နားထားပြီး နှစ်ဖက် အခြေအနေ တည်ငြိမ်လျက်ရှိကာ နှစ်ဖက်လုံး က စောင့်ကြည့်နေဆဲ ဖြစ်သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/36042-2014-12-31-09-34-03
No comments:
Post a Comment