ကျပ်သန်း ၁,၀၂၇ သန်းသုံးမည့် ဗိုလ်ရှုခံသဘင်
အခမ်းအနားသည် ငွေကုန်ကြေးကျများသဖြင့် ယင်းအစား ဒေသဖွံ့ဖြိုးရေး
လုပ်ငန်းများတွင် သုံးစွဲရန် ပညာရှင်များနှင့် နိုင်ငံရေး
အင်အားစုခေါင်းဆောင် တချို့က ထောက်ပြပြောဆိုသည်။
၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၄ ရက်တွင် ကျရောက်သည့် ၆၇ ကြိမ်မြောက်
လွတ်လပ်ရေးနေ့တွင် ပြုလုပ်မည့် ဗိုလ်ရှုသဘင် အခမ်းအနား အသုံးစရိတ်အဖြစ်
ဆပ်ကော်မတီ ၁၀ ခုက အသုံးပြုမည့်ငွေများသည် ခန့်မှန်း ခြေအားဖြင့် ငွေစာရင်း
ကျပ် ၁၀၂၇ သန်း အသုံးပြုရန် တင်ပြထားသည်ဟု ဗိုလ်ရှုသဘင် အခမ်းအနား
ကျင်းပရေး ဗဟိုကော်မတီမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။
ယင်းသို့ သုံးစွဲခြင်းနှင့် ပတ်သက်ပြီး နိုင်ငံရေး စီးပွားရေးလေ့လာ
သုံးသပ်သူ ဦးသန်းစိုးက “အဲဒီ ပိုက်ဆံ ၁,၀၂၇ သန်းကို ပြည်နယ် တစ်ခုခုမှာ
အသေးစားလုပ်ငန်းတွေကို ချေးပေးလိုက်ရင် အဲဒီလုပ်ငန်းတွေ လုံးဝ
ထောင်တက်သွားနိုင်တယ်။ အခု သုံးတဲ့ ပမာဏက အရမ်းများလွန်းတယ်” ဟု ပြောသည်။
ဗိုလ်ရှုသဘင် အခမ်းအနားကို မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို
ကာကွယ်စောင့်ရှောက် ရယူပေးခဲ့ကြသည့် တိုင်းရင်းသား ပြည်သူ
အပေါင်းတို့နှင့်တကွ အသက်သွေး ချွေးပေးဆပ်ခဲ့ကြသော တပ်မတော်သားများအား
ဂုဏ်ပြုမြှင့်တင်သောအားဖြင့်ရည် ရွယ်ကျင်းပခြင်း ဖြစ်သည်။
ဦးသန်းစိုးက “အခုချိန်မှာ အဲဒါက မလုပ်သင့်ဘူး၊ အဲဒီလောက်ငွေတွေ
သုံးပြီးတော့ပေါ့ မသုံးသင့်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် စစ်အင်အားရှိတယ်
ဆိုတာကို ၀ါဒဖြန့်ချိရေး လုပ်ချင်တာ၊ ဒီမိုကရေစီအရဆိုရင်
ဒါတွေမလုပ်သင့်သေးဘူး၊ နိုင်ငံရလဒ်တောင် တိတိကျကျ မသိရတဲ့ အချိန်ပါ” ဟု
သုံးသပ်သည်။
လက်ရှိတွင် မြန်မာငွေကြေးတန်ဖိုးက ခြောက်ရာခိုင်နှုန်းထိကျဆင်းနေပြီး
ယင်းထက် နှစ်ရာခိုင်နှုန်းထပ်မံ ကျဆင်းနိုင်သည်ဟု စီးပွားရေးပညာရှင်များက
ခန့်မှန်းထားသည်။
အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း စီးပွားရေး
အခြေအနေမကောင်း သည့် အချိန်တွင် ငွေအမြောက်အမြား အသုံးပြုကာ
ကျင်းပပြုလုပ်သည့်အပေါ် အစိုးရသို့မေးခွန်းထုတ် စရာများစွာရှိနေပြီး
အသုံးပြုရာတွင်လည်း မှန်ကန်စွာအသုံးပြုရေးမှာ များစွာအရေးကြီးသည်ဟု ပြော
သည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး
ဦးစိုင်းညွှန့်လွင်က “စစ်အင်အားတွေ ထုတ်ပြတယ်ဆိုတာကတော့
ပြည်တွင်းငြိမ်းချမ်းရေးမှာ အကျိုးသက်ရောက်မှု ရှိနိုင်တယ်။
အင်အားပြသလိုပေါ့။ ဘတ်ဂျက်သုံးတာလည်း အဲဒီလောက်က များလွန်းတယ်။
ဒီအချိန်ကမလုပ် သင့်ဘူးထင်တယ်” ဟု ဆို သည်။
ဗိုလ်ရှုသဘင်ဖြစ်မြောက်ရေးအတွက် ဒု-သမ္မတဦးဥာဏ်ထွန်းက
အကောင်အထည်ဖော်ရေးကော်မတီကို ဦးဆောင်ပြီး စစ်ရေးပြ၊ ပြင်ဆင်ရေး၊
ဖိတ်ကြားကြိုဆိုနေရာချ ထား၊ ဖျော်ဖြေ၊ ဧည့်ခံကျွေးမွေး၊ ပို့ဆောင် ရေး၊
လုံခြုံရေး၊ ကျန်းမာရေး၊ ပြန်ကြားလူထု လံှု့ဆော်ရေး၊ ဘဏ္ဍာရေးနှင့် မိန့်ခွန်း
သ၀ဏ်လွှာနှင့် သမိုင်း အချက်အလက် ဆပ်ကော်မတီဟု စုစုပေါင်း ဆပ်ကော်မတီ ၁၀
ခုက အကောင်အထည်ဖော်ဆောင်ရွက် ခြင်းဖြစ်သည်။
ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က “တပ်နဲ့ပြည်သူ ပူးပေါင်းပြီးတော့
စည်းလုံးညီ ညွတ်တဲ့ ပြည်ထောင်စုကြီး၊ ငြိမ်းချမ်းရေး အဓွန့်ရှည်အောင်
ကာကွယ်နိုင်ဖို့၊ အခြေခံ လူထုတို့ ပူးပေါင်းဆောင်ကြဖို့ဆိုတဲ့ ရည်ရွယ်
ချက်နဲ့ လုပ်တာ” ဟု ဆိုသည်။
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီ ၄ ရက်တွင် ကျရောက်သော ၆၇ နှစ်မြောက်လွတ်လပ် ရေးနေ့တွင် ဗိုလ်ရှုခံ အခမ်းအနားကျင်းပမည် ဖြစ်သည်။
၁၉၄၉ ခုနှစ်မှစ၍ လွတ်လပ်ရေး အောင်ပွဲနှင့် ဗိုလ်ရှုသဘင် အခမ်းအနားများကို
ရန်ကုန်မြို့တော်ခန်းမ ရှေ့ရှိ လွတ်လပ်ရေး ကျောက်တိုင်၌ ကျင်းပခဲ့ရာ
မြန်မာ နိုင်ငံ၏ ပထမဆုံးသမ္မတ စ၀်ရွှေသိုက်နှင့် သမ္မတ ဒေါက်တာ
ဘဦးတို့တက်ရောက်ခဲ့ပြီး ၁၉၅၄ ခုနှစ်မှစ၍ ၁၉၆၂ ခုနှစ်အထိ ရန်ကုန်မြို့
ပြည်လမ်းရှိ ဗိုလ်ရှု ခံစင်မြင့်၌ သမ္မတဒေါက်တာဘဦးနှင့် သမ္မတ
မန်းဝင်းမောင်တို့ တက်ရောက်ခဲ့ကြသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/36024-2014-12-31-03-17-34
No comments:
Post a Comment