နိုင်ငံတော်သမ္မတ အား ဂုဏ်သိက္ခာထိခိုက်စေသည် ဟုဆိုကာ တရားစွဲခံထားရသည့်
မြန်မာသံတော်ဆင့်ဂျာနယ်တတိ ယအကြိမ်မြောက်ရုံးချိန်းတွင် တ ရားလိုကို
ပထမဆုံးအကြိမ်စတင် စစ်ဆေးခဲ့ကြောင်း သတင်းရရှိ သည်။
‘‘စစ်ဆေးတဲ့အပေါ်မှာတော့ ဘာမှမပြောလိုပါဘူး။ တရားစွဲတဲ့ အပေါ်မှာ လိုအပ်တဲ့စာရွက်စာ တမ်းတွေ သက်သေတင်သွင်း တယ်။ ပြီးတော့ ကျွန်တော့်ကို စ စစ်တယ်’’ဟု တရားလိုဖြစ်သူ ပြန် ကြားရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ရုံးအဖွဲ့မှူး) ဦးမြင့်ထွေးကပြောသည်။
တရားလိုက သံတော်ဆင့်ဂျာ နယ်တွင် ဖော်ပြပါရှိသော အင် တာဗျူးနှင့် စာနယ်ဇင်းကောင်စီသို့ပေးပို့သည့်ညှိနှိုင်းစာ အစရှိသော စာရွက်စာ တမ်းများကို သက်သေတင်သွင်းခဲ့ကြောင်း သံတော်ဆင့်အမှုတွင် လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေဦးဇော်လင်းက ပြောသည်။
‘‘ကျွန်တော်တို့ အဓိကမေး တာက အကုန်လုံးကို သိမ်းကျုံးပြီး စွဲတာ မသင့်တော်ဘူးပေါ့။ သ တင်းစာဂျာနယ်မှာက သူ့တာဝန် နဲ့သူရှိတယ်လေ။ သူကတော့ အ ထက်က ညွှန်ကြားတဲ့အတိုင်းစွဲ တာလို့ပြောတယ်။ သူက တရားလို ဆိုပေမယ့် ညွှန်ကြားချက်အတိုင်း လုပ်ရတာလေ’’ဟု တရားလွှတ် တော်ရှေ့နေဦးဇော်လင်းကပြော သည်။
နောက်လာမည့် ရုံးချိန်းတွင် တရားလိုဘက်မှ တရားလိုပြ သက်သေငါးဦးနှင့်အထက်ခေါ် ယူလာမည်ဖြစ်ကြောင်းဦးမြင့် ထွေးကပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာနရုံး အဖွဲ့မှူးဦးမြင့်ထွေးက တရားလို ပြုလုပ်ကာ သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅(ခ)ဖြင့် မြန်မာသံတော် ဆင့်ဂျာနယ်ထုတ်ဝေသူနှင့် ဂျာ နယ်ဖြန့်ချိရေးအပါအ၀င် ၁၁ဦး ကို တရားစွဲဆိုထားခြင်းဖြစ်သည်။
တရားစွဲဆိုခြင်း ခံထားရ သည့် ပုဒ်မ ၂၅(ခ)တွင် မည်သည့် သတင်းမီဒီယာသမားမဆိုပုဒ်မ ၉၊ ပုဒ်မခွဲ(ဃ)၊ ပုဒ်မခွဲ(စ)နှင့် ပုဒ်မခွဲ (ဆ)တို့ပါ တာဝန်နှင့် ကျင့်ဝတ် တစ်ရပ်ရပ် ပြစ်မှုကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံ ရလျှင် ထိုသူကို ငွေဒဏ်အနည်း ဆုံးကျပ်သုံးသိန်းမှ အများဆုံး ကျပ်ဆယ်သိန်းအထိ ချမှတ်နိုင် သည်ဟု ပြဋ္ဌာန်းထားသည်။
သံတော်ဆင့်ဂျာနယ်လေး ကြိမ်မြောက်ရုံးချိန်းကို ဒီဇင်ဘာ ၂၃ရက်တွင် ပုဗ္ဗသီရိမြို့နယ်တရား ရုံး၌ ထပ်မံချိန်းဆိုထားကြောင်း သတင်းရရှိသည်။
http://7daydaily.com/story/26645#.VIeyAsnZGM8

No comments:
Post a Comment