ကာကွယ်ရေးဦးစီးချုပ် (ရေ)အဖြစ် တာဝန်ထမ်းဆောင်ခဲ့ ဖူးသူ ထားဝယ်မြို့နယ်
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး ကြည်မင်း(ငြိမ်း) အား
ယခုနှစ် အောက်တိုဘာ ၃၁ ရက်ကပင် လွှတ်တော်ကိုယ်စား လှယ်အဖြစ်မှ
ရပ်စဲလိုက်ကြောင်း သတင်းရရှိသည်။
၎င်းကို ရပ်စဲသည့် ပြန် တမ်းအား နိုဝင်ဘာ ၂၈ ရက်တွင်
ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းပြန် တမ်းကို ယခုတစ်ပတ်အတွင်းက
ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ နုတ်ထွက်ခွင့်တင်ပြလာသော
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်
ဦးကြည်မင်းအား ၂၀၁၂ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၃၊
ပုဒ်မခွဲ(က)နှင့် ၂၀၁၃ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၃၊
ပုဒ်မခွဲ(က)တို့အရ လွှတ် တော်ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲပြီးဖြစ်ပါသည်ဟု
ပြည်သူ့လွှတ် တော်က အမိန့်ကြေညာစာ အမှတ် ၁၃၇/၂၀၁၄၊ အောက်တိုဘာ ၃၁
ရက်စွဲဖြင့် ထုတ်ပြန်ထား သည်ကို နိုဝင်ဘာ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်သည့်
နိုင်ငံတော် ပြန်တမ်းတွင်ပါရှိသည်။
ပြည်သူ့လွှတ်တော်မှ ထုတ် ပြန်ထားမှုတွင် ၂၀၁၄ အောက် တိုဘာ ၃၁ ရက်မှစ၍
တနင်္သာ ရီတိုင်းဒေသကြီး၊ ထားဝယ်မဲဆန္ဒ နယ်တွင် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်နေရာ လစ်လပ် ကြောင်း ကြေညာထားခြင်းလည်း ပါရှိသည်။
လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရပ်စဲခြင်းနှင့် ပတ်သက် ပြီး
ဦးကြည်မင်းအား ဆက်သွယ် မေးမြန်းရာ အဆိုပါကိစ္စနှင့် ပတ်သက်၍
တစ်စုံတစ်ရာပြော ကြားရန်မရှိကြောင်း 7 Day Dailyသတင်းစာအား ပြောသည်။
ဦးကြည်မင်းသည် ပြည်သူ့ လွှတ်တော်တွင် ဖွဲ့စည်းထားခဲ့ သည့်
ရေကြောင်းပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌ အဖြစ်
တာဝန်ထမ်းဆောင်ခဲ့ သည်။ အစိုးရသစ်လက်ထက်တွင်
အစိုးရအဖွဲ့သို့ရောက်ရှိသွားခြင်း၊သေဆုံးသွားခြင်းမဟုတ်ဘဲ တာ ၀န်မှ
ရပ်စဲခံရသူမှာ ၎င်းပထမဆုံး ပင်ဖြစ်သည်။
http://7daydaily.com/story/26656#.VIexpMnZGM8
No comments:
Post a Comment