ရန်ကုန် ဒီဇင်ဘာ ၇
အင်္ဂလန်နိုင်ငံ လန်ဒန် အခြေစိုက် World
Finance အဖွဲ့အစည်းမှ ၂ဝ၁၄ ခုနှစ် အတွက် အာရှတိုက် ကိုယ်စားပြု Banker of
the Year in Asia 2014 ဆုကို
မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ် လီမိတက်
ဥက္ကဋ္ဌအား လည်းကောင်း၊ Best Commercial Bank in Myanmar 2014 နှင့် Best
Banking Group in Myanmar 2014 ဆုများကို ကမ္ဘောဇဘဏ် လီမိတက်အား လည်းကောင်း
ချီးမြှင့် ပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁ ရက်တွင် London Stock
Exchange ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် World Finance အဖွဲ့အစည်းမှ
မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌအား ပေးအပ် ချီးမြှင့်သည့်
အာရှတိုက် တစ်ခုလုံး အတွက် Banker of the Year in Asia 2014 ဆုကို
ကမ္ဘောဇဘဏ် လီမိတက်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း တက်ရောက် လက်ခံယူပြီး
ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌအား Banker
of the Year in Asia 2014 အဖြစ် ဆုရွေးချယ်ရခြင်းနှင့် စပ်လျဉ်း၍
မြန်မာနိုင်ငံ၌ နိုင်ငံရေး ပြုပြင်ပြောင်း လဲမှုများ စတင်ပြီးသည့်နောက်
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ခေတ်မီ ဘဏ်လုပ်ငန်း
ဝန်ဆောင်မှုများဖြင့် တိုးတက် ဆောင်ရွက်ပေးနိုင်ရန် အတွက်
ပြည်တွင်းဘဏ်များမှ ကြိုးပမ်း ဆောင်ရွက်လာကြကြောင်း၊ ယင်းသို့
ဆောင်ရွက်ရာတွင် ကမ္ဘောဇဘဏ်သည် အထင်ရှားဆုံးနှင့် အအောင်မြင်ဆုံး ပုဂ္ဂလိကဘဏ်
တစ်ခု ဖြစ်ကြောင်း၊ ကမ္ဘောဇဘဏ် လီမိတက်ကို တည်ထောင်သူ ဥက္ကဋ္ဌ
ဦးအောင်ကိုဝင်း၏ စီမံခန့်ခွဲ အုပ်ချုပ်မှု စွမ်းဆောင်ရည်
ကောင်းမွန်မှုကြောင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက်
ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရာတွင် အဓိက အခန်းကဏ္ဍမှ
ပါဝင်ခဲ့ကြောင်း၊ ယခုနှစ်၌ ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ဘဏ်ခွဲပေါင်း ၃ဝဝ ကျော်
အထိ လျင်မြန်စွာ တိုးချဲ့ဖွင့်လှစ် ပေးနိုင်ပြီး နိုင်ငံအတွင်း နေရာ ဒေသ
အနှံ့အပြားတွင် ခေတ်မီ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို တစ်ပြေးညီ
ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ဘဏ်လုပ်ငန်း အပါအဝင် အာမခံလုပ်ငန်း၊
လေကြောင်း လုပ်ငန်းများ၊ ကျောက်စိမ်း ကျောက်မျက် ရှာဖွေ တူးဖော်ရေးလုပ်ငန်း
စသည့် အဓိက စီးပွားရေး လုပ်ငန်းများတွင်လည်း အောင်မြင်စွာ
တိုးချဲ့လုပ်ကိုင် ဆောင်ရွက်နိုင်လျက် ရှိကြောင်း၊ စီးပွားရေး လုပ်ငန်း
အောင်မြင်မှုများ အပြင် တစ်နိုင်ငံလုံး၌ နှစ်စဉ် နိုင်ငံတော် အတွက်
အခွန်ဘဏ္ဍာငွေ အမြင့်ဆုံး ပေးဆောင်ပြီး နိုင်ငံတော်နှင့် ပြည်သူ အကျိုးပြု
လုပ်ငန်းများတွင်လည်း အများဆုံး လှူဒါန်းမှုများကြောင့် နိုင်ငံတော်မှ
ထိုက်တန်စွာ ဂုဏ်ပြုခံရသည့် အအောင်မြင်ဆုံးနှင့် အထင်ရှားဆုံး စီးပွားရေး
လုပ်ငန်းရှင် တစ်ဦး ဖြစ်သည့်အတွက် ဤဆုကို ရွေးချယ် ချီးမြှင့်ရခြင်း
ဖြစ်ကြောင်း ဖော်ပြ ပါရှိသည်။ Bankers of the Year 2014 ဆုများကို အာရှ၊
ဥရောပ၊ မြောက် အမေရိက၊ တောင် အမေရိက၊ သြစတြေးလျ၊ အာဖရိကနှင့်
အရှေ့အလယ်ပိုင်း ဒေသ စသည့် ကမ္ဘာ့ တိုက်ကြီး ခုနစ်တိုက်မှ သက်ဆိုင်ရာ
ဒေသအလိုက် ၂ဝ၁၄ ခုနှစ်အတွင်း ဘဏ်လုပ်ငန်း ဆိုင်ရာများကို ထူးချွန်
ပြောင်မြောက်စွာဖြင့် တိုးတက် အောင်မြင်အောင် အုပ်ချုပ် စီမံခန့်ခွဲ
ခဲ့ကြသည့် ပုဂ္ဂိုလ်များအား ရွေးချယ် ပေးအပ်ရာတွင်-
Asia- Aung Ko Win, Chairman,Kanbawza Bank – Myanmar
Europe- Mr. Mark Carney, GovernorBank of England – England
North America- Mr.Jamic Dimon,CEO , JP Morgen- USA
South America- Mr.Andre Santos Esteves,CEO,BTG Pactual-Brazil
Australasia-Mr.Camerom Clyne,CEO,National Bank of Australia
- Australia Africa-Mr.Segun Agbaje,MD& CEO Guaranty Trust Bank – Nigeria
Middle East-Mr.Abdul Aziz Al
Ghurair,CEO,Mashreq Bank-UAE တို့အား ရွေးချယ် ချီးမြှင့်ခဲ့ကြောင်း
သိရသည်။ ဆက်လက်၍ Best Commercial Bank in Myanmar 2014 ဆုကို ကမ္ဘောဇဘဏ်
လီမိတက်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်ခင်ချောစုနှင့် Best Banking Group in
Myanmar 2014 ဆုကို ဒုတိယ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်သီတာအေးမွန် တို့က
ဆုများကို အသီးသီး တက်ရောက် လက်ခံ ရယူကြသည်။ ကမ္ဘောဇဘဏ် လီမိတက်သည် ၂ဝ၁၃
ခုနှစ်ကလည်း World Finance အဖွဲ့အစည်းမှ ချီးမြှင့်သည့် Best Commercial
Bank in Myanmar 2013 ဆုနှင့် Best Banking Group in Myanmar 2013
ဆုများကို ရရှိခဲ့ပြီး ယခုနှစ် အတွက် ထပ်မံ၍ ရွေးချယ်ခံရသည့် အတွက်
ယင်းဆုများကို နှစ်နှစ် ဆက်တိုက် ရရှိခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။
http://myawady.net.mm/allnews/localnews/item/56110-2014-12-08-10-30-51
No comments:
Post a Comment