December 8, 2014

အကယ်ဒမီဗန်းကိုင်ရန် နာမည်ကြီးအလှမယ်အများစုကို ရွေးချယ်

 
 
 
 
 
 
 
 
 
ဓာတ်ပုံ−ကျော်ဇင်သန်း

အကယ်ဒမီရွှေကြိုဟု အမည်နာမပြောင်းလဲခဲ့သော အ ကယ်ဒမီဗန်းကိုင်     အမျိုးသမီး ရွှေကြိုများအဖြစ် နာမည်ကြီးအ လှမယ်များနှင့်မော်ဒယ်အများစု ရွေးချယ်ခံခဲ့ရသည်။
နောက်ဆုံးအဆင့်ရွှေကြို ရွေးချယ်ခြင်းကို ဒီဇင်ဘာ ၆ရက် က ရုပ်ရှင်အစည်းအရုံးတွင် ပြု လုပ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားရွှေ ကြိုစာရင်း၌   ပရိသတ်သိသည့် မော်ဒယ်အချို့သာပါဝင်ခဲ့သော် လည်း အမျိုးသမီးရွှေကြိုစာရင်း တွင် နာမည်ကြီးအလှမယ်များနှင့် မော်ဒယ်များသာ ရွေးချယ်ခံခဲ့ရ သည်။
ဂုဏ်ရည်အေးကျော်၊မေ မြတ်နိုး၊ ယွန်းမှီမှီကျော်၊ ခိုင်သ ဇင်ငုဝါ၊ အမရာငြိမ်း၊ နန်းစန္ဒာလှ ထွန်းတို့ရွေးချယ်ခံခဲ့ရပြီး အချို့မော်ဒယ်များမှာ ဆန်ခါတင်စာ ရင်းအထိ   ရွေးချယ်ခံခဲ့ရသော် လည်း   နောက်ဆုံးအဆင့်သို့ တက်ရောက်နိုင်ခြင်းမရှိခဲ့ပေ။
အကယ်ဒမီရွှေကြိုအဖြစ် အမျိုးသား၊ အမျိုးသမီးဆယ်ဦးစီ ရွေးချယ်ပေးခဲ့ခြင်းဖြစ်ပြီး ဒီဇင် ဘာ ၁၈ရက်မှစတင်၍ လေ့ကျင့် မှုများပြုလုပ်ပေးသွားမည်ဖြစ် သည်။ နောက်ဆုံးအဆင့်ရွေးချယ် ခံထားရသူများမှ စည်းကမ်းမလိုက်နာသူများကို ထုတ်ပယ်သွား မည်ဖြစ်ပြီး အရန်အနေဖြင့် ရွေးချယ်ထားသူများရှိကြောင်း အကယ်ဒမီရွှေကြိုပံ့ပိုးရေးကော် မတီဝင် မို့မို့မြင့်အောင်က ပြော သည်။
http://7daydaily.com/story/26483#.VIUYmcnZGM8

No comments:

Post a Comment