December 8, 2014

ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းမှုများကြောင့် ဧရာဝတီလင်းပိုင် နှစ်ကောင် သေဆုံး

ဒီဇင်ဘာ(၄)ရက်က စဥ့်ကူးမြို့နယ် ဟင်္သာမကြက်တူရွေးရွာအနီး ဧရာဝတီမြစ် သောင်ပြင်တွင် တွေ့ရသော သေဆုံးနေသည့် ဧရာဝတီလင်းပိုင်တစ်ကောင် -ဓာတ်ပုံ−စိမ်းရောင်စို(တံတားဦး)
 ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းမှုများကြောင့် မျိုးသုဉ်းမည့် အန္တရာယ်ရင်ဆိုင်နေရသည့် ဧရာ ၀တီလင်းပိုင်နှစ်ကောင်သေဆုံး ခဲ့ရကြောင်း မန္တလေးအခြေစိုက် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး နှင့် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့မှ သတင်းရရှိသည်။
တစ်နှစ်သားအရွယ်ခန့်ဟု ခန့်မှန်းရသည့် သေဆုံးနေသော ဧရာဝတီလင်းပိုင် နှစ်ကောင်ကို ဒီဇင်ဘာ ၄ ရက်က မန္တလေးမြို့ အနီး မင်းကွန်းဆိပ်ကမ်းနှင့် စဥ့် ကူးမြို့နယ် ဟင်္သာမကြက်တူရွေး ရွာအနီး မြစ်ကမ်းသောင်ပေါ်တို့ တွင် တွေ့ရှိခဲ့သည်ဟု မန္တလေးအ ခြေစိုက် ဧရာဝတီလင်းပိုင် ထိန်း သိမ်းရေးနှင့်ကာကွယ်စောင့် ရှောက်ရေးအဖွဲ့မှ တာဝန်ခံ ဦးဟန်ဝင်းက ပြောသည်။
‘‘ဘက်ထရီရှော့ခ်တိုက်ငါး ဖမ်းမှုကြောင့် လင်းပိုင်ငယ်လေးေ တွ သေတာလို့ ယူဆတယ်။ အခု သေတဲ့ လင်းပိုင်လေးတွေက တစ်နှစ်သားလောက်ပဲ ရှိတယ်။ အထီးတစ်ကောင်၊ အမတစ် ကောင်သေတာပါ။ အခုလို အ ကောင်ရေ   လျော့နည်းလာပြီး ထိန်းသိမ်းရမယ့် အချိန်မှာ အထီး နဲ့အမ နှစ်ကောင်သေတာက နှစ် ကောင်မဟုတ်ဘဲ သူတို့ရဲ့သက် တမ်းနဲ့ သားပေါက်နှုန်းနဲ့ တွက် ရင် ခြောက်ကောင်၊ ခုနစ်ကောင် လောက် ဆုံးရှုံးရတဲ့သဘောဖြစ် နေတာ။ ဒီလိုသာ သေနေရင် မကြာခင် ဧရာဝတီလင်းပိုင်မျိုး ပြုန်းနိုင်မယ့် အန္တရာယ်ရှိတယ်’’ ဟု ဦးဟန်ဝင်းက ပြောသည်။
 ဧရာဝတီလင်းပိုင်သည် မြန်မာနိုင်ငံ ဧရာဝတီမြစ်အတွင်း တွင်သာ ရှင်သန်ပေါက်ဖွားသည့် ကမ္ဘာ့ရှားပါးငါးမျိုးစိတ် ဖြစ်သည်။ မန္တလေးမြို့မှ ဗန်းမော်မြို့အထိ ဧရာဝတီမြစ်ရိုးတစ်လျှောက် ဧရာဝတီလင်းပိုင် စုစုပေါင်း ၆၃ ကောင်ခန့်ရှိမည်ဟု    ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေးအဖွဲ့က ၂၀၁၄ ဖေဖော်ဝါရီလက လေ့လာထားမှုများအရ    ခန့်မှန်းထား သည်။   ဧရာဝတီမြစ်အတွင်း မင်းကွန်းနှင့်    ကျောက်မြောင်း ကြားကို ၂၀၀၆ ခုနှစ်မှ စတင်ကာ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအဖြစ် သတ်မှတ်ထား သည်။ ရေကြောင်းမိုင် ၅၀ ခန့်ရှိ သည့် မင်းကွန်းနှင့် ကျောက် မြောင်းကြား ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနယ်မြေတွင် ဧရာဝ တီလင်းပိုင် ၂၄ ကောင်ခန့်ရှိသည် ဟု မန္တလေးအခြေစိုက် ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေးနှင့် ကာ ကွယ်စောင့်ရှောက်ရေးအဖွဲ့မှ သတင်းရရှိသည်။ ယခုအခါ ၎င်း ၂၄ ကောင်ထဲမှ တစ်နှစ်သားအ ရွယ် လင်းပိုင် နှစ်ကောင် သေဆုံး ခြင်း ဖြစ်သည်။
‘‘တစ်ခါတလေမှာ ရှော့ခ် တိုက် ငါးဖမ်းသူတွေက ပြန်ခုခံ တာတွေ ရှိတယ်။ သူတို့ကို ဖမ်း ပြီး ထောင်ချလို့ သတ်မယ်ဆိုပြီး ခြိမ်းခြောက်တာရှိတယ်’’   ဟု ဧရာဝတီလင်းပိုင်များ မျိုးသုဉ်း ပျောက်ကွယ် မသွားစေရေး ဘက်ထရီရှော့ခ်တိုက်ငါးဖမ်းမှုများကို ထိရောက်စွာ အရေးယူရန်လို အပ်နေကြောင်း ဦးဟန်ဝင်းက ပြောသည်။
http://7daydaily.com/story/26480#.VIUYncnZGM8

No comments:

Post a Comment