ဖမ်းဆီးထားသည့် ပြိုင်ကားနှင့်အခြားအမျိုးအစားကားများကိုတွေ့ရစဉ် (ဓာတ်ပုံ−Yangon Police)
စဖမ်းသည့်နေ့မှာပင် ပြိုင် ကား သုံးစီးနှင့် ပါဝါအိတ်ဇော တပ်ဆင်မောင်းနှင်နေသည့် အ ခြားကား ၁၄ စီးကို ဖမ်းဆီးခဲ့ပြီး အရေအတွက် အများဆုံးဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ဖမ်းဆီးအရေးယူ ရခြင်းသည်ကားများ၌ တပ်ဆင် ထားသည့်ပါဝါအိတ်ဇောအသံမှာ အများပြည်သူကိုစိတ်အနှောင့်အ ယှဉ်ဖြစ်စေပြီး တရားဥပဒေစိုးမိုး ရေးကို ထိခိုက်လာနိုင်သော ကြောင့် စီမံချက်ချကာ အရေးယူ ဆောင်ရွက်ခြင်းဖြစ်သည်ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူး ပြည့်စုံကပြောကြားသည်။
ဖမ်းဆီးမိရာတွင် အသက် (၂၃) နှစ်အရွယ် အမျိုးသမီးတစ်ဦးမောင်းနှင်သည့် ပြိုင်ကားတစ်စီး လည်း ပါဝင်သည်။ အဆိုပါအမျိုးသမီးကို တက္ကသိုလ်ရိပ်သာလမ်းတွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး နောက်ခန်း၌ အမျိုးသားသုံးဦးပါဝင် ကြောင်း သိရသည်။
‘‘ခုစတင်ဖမ်းဆီးနေတာက တော့ အရှေ့ပိုင်းခရိုင်နဲ့ အနောက်ပိုင်းခရိုင်တွေမှာ မနေ့ည ၉ နာရီ လောက်ကစပြီး ဖမ်းတယ်။ ဖမ်းတဲ့ နေရာမှာတော့ ပြန်ပြီး ခုခံတာ တော့မရှိဘူး။ ရဲအင်အားလည်း များတာလည်းပါမှာပေါ့။ ယာဉ် အန္တရာယ်ကင်းဖို့နဲ့ ပတ်ဝန်းကျင် အနှောင့်အယှက် မဖြစ်အောင် ဖမ်းတာပါ’’ဟု ၎င်းကပြောသည်။
ပြိုင်ကားမောင်းနှင်သူများ က ညဥ့်နက်သည့်အချိန်များတွင် အဖွဲ့လိုက်(သို့မဟုတ်) တစ်ဦးနှင့် တစ်ဦးချိန်းဆိုကာ ပြိုင်ဆိုင်မောင်းနှင်လေ့ရှိပြီး လောင်းကြေးကိုမူ သတ်သတ်မှတ်မှတ် မထားရှိ ကြောင်း ပြိုင်ကားမောင်းနှင်သူ ကိုညီညီကဆိုသည်။
‘‘ပြိုင်ကားစီးကြတာ၊ မောင်း နေကြတာ လူငယ်ပိုင်းပိုများ တယ်။ လူငယ်ဆိုတော့သိတဲ့ အတိုင်း ပြိုင်ဆိုင်တာတွေရှိတယ် လေ။ ဒီမှာကတော့ ပြိုင်ဖို့အတွက် ကားပြိုင်ကွင်းတွေမရှိသေးဘူး။ အဲဒီတော့ ကားရှင်း၊ လူရှင်းတဲ့ အချိန်ညဘက်တွေမှာ ထွက် မောင်းကြတာ’’ဟု ၎င်းကပြောသည်။ စည်းကမ်းမဲ့မောင်းနှင်သည့် ပြိုင်ကားများအပါအ၀င် ပါဝါ အိတ်ဇောတပ်ဆင်မောင်းနှင် သည့် မည်သည့်ကားမဆိုနေ့စဉ် ဖမ်းဆီးအရေးယူသွားမည်ဖြစ်၍ စစ်ဆေးတွေ့ရှိပါကလည်း တည် ဆဲဥပဒေအတိုင်းထိရောက်စွာ အ ရေးယူသွားမည်ဖြစ်ကြောင်း ဒုရဲ မှူးပြည့်စုံကဆိုသည်။
http://7daydaily.com/story/26478#.VIUYpsnZGM8
No comments:
Post a Comment