နိုင်ငံရေးပါတီ၊
လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအနေဖြင့် မိမိအ ယူအဆကိုသာ ရှေ့တန်းမတင်ဘဲ
မတူကွဲပြားမှုများကို ချန်ထားပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအ တွက်
ဆောင်ရွက်ကြရန်လိုအပ် ကြောင်း ယမန်နေ့က ကျင်းပသည့်
စစ်တက္ကသိုလ်ကျောင်းဆင်းပွဲ တွင် တပ်မတော်ကာကွယ်ရေးဦး
စီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ကပြောကြားခဲ့သည်။
‘‘နိုင်ငံရေးပါတီလူပုဂ္ဂိုလ်အ ဖွဲ့အစည်းများအနေနဲ့ မိမိရဲ့အယူ အဆကိုသာ ရှေ့တန်းမတင်ဘဲ မတူကွဲပြားမှုများကို ချန်ထားပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအ တွက် အပြုသဘောဆောင် ပူး ပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ပြည်သူများမျှော်မှန်းထားတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးကို စည်းကမ်းတကျတက်လှမ်းနိုင်မှာ ဖြစ်ပါတယ်’’ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား သည်။
ထို့အပြင် နိုင်ငံတော်အား ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်စေရန် ၂၀၀၈အခြေခံ ဥပဒေသည် အဓိက ဖြစ်ပြီးအဆိုပါဥပဒေအား တိုင်း ရင်းသား ကိုယ်စားလှယ်များ၊ အသိပညာ၊အတတ်ပညာရှင်များနှင့် စနစ်တကျ ရေးဆွဲခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထ၀ီဝင်အနေအ ထား၊ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ စရိုက်တို့ကိုပါ ထည့်သွင်းရေးဆွဲ ထားကြောင်း ကာကွယ်ရေးဦးစီး ချုပ်ကဆိုသည်။
သို့သော် မည်သည့်နိုင်ငံ၏ အခြေခံဥပဒေကမှ ရာနှုန်းပြည့်ပြီး ပြည့်စုံသည်မရှိဘဲ လိုအပ်ချက် များလည်းရှိနိုင်ခြင်းကြောင့် တပ် မတော်အနေနှင့် ပြင်ဆင်သင့် သည့်အချက်များ ပြင်ဆင်နိုင်ရန် ပြဋ္ဌာန်းချက်များအတိုင်း လွှတ် တော်အတွင်းမှ ဆွေးနွေးလျက်ရှိ ပြီးနိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးတို့ ကို မထိခိုက်စေဘဲ ဥပဒေနှင့်အညီ ဆောင်ရွက်ချက်များကို တပ်မ တော်က လက်ကမ်းကြိုဆိုသွား မည်ဖြစ်ကြောင်း ထပ်မံပြောကြား ခဲ့သည်။
http://7daydaily.com/story/26413#.VIUPcMnZGM8

No comments:
Post a Comment