December 8, 2014

ပုဒ်မ ၄၃၆ မပြင်ဆင်လိုသော တပ်မတော်သဘောထားကို ဆန္ဒပြ

ဆန္ဒပြနေသော ဒေသခံများ (ဓာတ်ပုံ − ဇော်မင်းထိုက်)
 ပုဒ်မ ၄၃၆ နှင့် ၅၉(စ)ကို ပြင်ဆင်ရန် လက်မခံသော တပ် မတော်သားလွှတ်တော်ကိုယ်စား လှယ်များ၊ ကာကွယ်ရေးဦးစီးချုပ် ၏သဘောထားများကိုမကျေနပ် ၍ ပြည်ဒေသခံများက ဒီဇင်ဘာ ၄ ရက် ညနေက ဆန္ဒ ဖော်ထုတ်ခဲ့ ကြောင်း သတင်းရရှိသည်။
‘‘ကာချုပ်သဘောထားရော၊ စစ်တပ်က အမတ်တွေရော အခြေခံဥပဒေပြင်ဆင်ရေးမှာ အရေးပါတဲ့ ပုဒ်မ ၄၃၆ ကို မပြင်လိုဘူးဆိုတော့ ဒီမိုကရေစီကိုလိုလားနေတဲ့ ပြည်သူတွေအတွက် ဒီမိုကရေစီကျတဲ့ အခြေခံဥပဒေကို ဘယ်လိုဖော်ဆောင်ပေးမှာလဲ။ မပြင်လိုတဲ့သူတို့ရဲ့ သဘောထားကို မကျေနပ်လို့ ဆန္ဒပြတာ’’ဟု ဆန္ဒဖော်ထုတ်သူ ကိုဝင်းလှိုင်က ပြောသည်။
ဆန္ဒဖော်ထုတ်သူများသည် ပုဒ်မ ၄၃၆ မပြင်ဆင်လိုသော တပ်မတော်၏ သဘောထားနှင့် ပတ်သက်ပြီး ပြည်သူများအလိုရှိ နေသည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ကို ဒီမိုကရေစီနိုင်ငံရေးအင်အား စုများ၊ ပါတီများအနေဖြင့် ပြတ် သားစွာဆောင်ရွက်ပေးရန်၊ တပ် မတော်အနေဖြင့် ပြည်သူချစ် သော တပ်မတော်အဖြစ် ပြည်သူ များဆန္ဒကို အသိအမှတ်ပြုရန်၊ အဖွဲ့အစည်းတစ်ခု၏ တပ်မတော် အဖြစ်မနေဘဲ ပြည်သူ့ တပ်မတော်အဖြစ်နေပေးရန်လမ်းလျှောက်ကြွေးကြော်ကာ တောင်းဆို ဆန္ဒပြခဲ့ကြသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်လိုသဖြင့် ရွေး ကောက်ပွဲတွင် ဝင်ရောက် ယှဉ် ပြိုင်ခဲ့သော ပါတီများအနေဖြင့် ပြင်ဆင်ခွင့်မရဘဲ ၂၀၁၅ ရွေး ကောက်ပွဲအား ဝင်ရောက်ယှဉ် ပြိုင်ကြမည်လား၊ ပြည်သူများ မျက်နှာကို ပြန်ကြည့်ကြပါ စသောဗီနိုင်းများ၊ ဦးနေဝင်း၊ ဦးသန်းရွှေ၊ ဦးသိန်းစိန် စသောအစိုးရအဆက်ဆက် ပြည်သူများဆင်းရဲမွဲတေခဲ့ရမှုများကို ဗီနိုင်းများဖြင့် အဆင့်ဆင့်ဖော်ပြကာ ရှုတ်ချဆန္ဒဖော်ထုတ်ခဲ့ကြသည်။
http://7daydaily.com/story/26367#.VIUQ6snZGM8

No comments:

Post a Comment