မွန်ပြည်နယ်မှ
စွန့်ပစ် ပလတ်စတစ်အမှိုက်များ ကျို ချက်သန့်စင်ကာ
လူသုံးကုန်ပစ္စည်းအမျိုးမျိုးထုတ်လုပ်ရန် ဂျပန်နိုင်ငံမှ
စီးပွားရေးကုမ္ပဏီတစ်ခုနှင့် ညှိနှိုင်းနေကြောင်းမွန်ပြည်နယ်စက်မှုလက်မှု
ကုန်သည်များအသင်းဥက္ကဋ္ဌဦးလှရှိန်ကပြောသည်။
‘‘စွန့်ပစ်ပလတ်စတစ်အမှိုက် တွေကို သန့်စင်ပြီးတော့ လူသုံး ကုန်ပစ္စည်း အမျိုးမျိုး ပြန်လည် ထုတ်လုပ်ဖို့အတွက် ဂျပန်နိုင်ငံက စီးပွားရေးကုမ္ပဏီတစ်ခုက ကျွန် တော်တို့ကို ကမ်းလှမ်းထားတာရှိ တယ်။ အဲဒီကိစ္စအတွက် မော်လ မြိုင်မြို့နယ်စည်ပင်သာယာဥက္က ဋ္ဌလက်မှတ်ရေးထိုးပြီးတော့ စာ ပေးပို့ထားတယ်’’ဟု ဦးလှရှိန်က ပြောသည်။
ယင်းလုပ်ငန်း စီမံကိန်းအ တွက် ဆက်လက်ညှိနှိုင်းသွားမည် ဖြစ်ပြီး လက်ရှိတွင် ပဏာမကမ်း လှမ်းထားသည့်အဆင့်သာဖြစ် သည်ဟု သိရသည်။ ထို့အပြင် ယိုး ဒယားနိုင်ငံရေသန့်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုကလည်း မွန်ပြည် နယ်တစ်ခုလုံးအတွက် သောက်သုံးရေ ဖြန့်ဝေနိုင်ရေး စီမံကိန်းတစ် ခုလုပ်ကိုင်ရန် ကမ်းလှမ်းထား ကြောင်းသတင်းရရှိသည်။
ထို့အပြင် မွန်ပြည်နယ်၏ ဒုတိယစက်မှုဇုန်တစ်ခုကို မော်လ မြိုင်မြို့၊ ကျောက်တန်းကျေးရွာအ နီးတွင် စတင်အကောင်အထည် ဖော်ဆောင်ရွက်နေပြီး အဆိုပါ စက်မှုဇုန်တွင် သွပ်ပြားထုတ်လုပ် ခြင်းလုပ်ငန်း၊ သစ်ခွဲသားထုတ် လုပ်ခြင်း လုပ်ငန်း၊ ရေသန့်စင် လုပ်ငန်း၊ ရွှေသန့်စင်လုပ်ငန်း၊ ရော်ဘာကုန်ချောထုတ်လုပ်ငန်း များအပါအ၀င် လုပ်ငန်းဆယ်မျိုး ကျော်လုပ်ကိုင်ဆောင်ရွက်သွား မည်ဟု သိရသည်။
http://7daydaily.com/story/26589#.VIZhksnZGM8

No comments:
Post a Comment