လှိုင်သာယာအဝေးပြေး ၀င်းရှေ့ အတွင်းပဒံရပ်ကွက် အနီးမြေကွက်လပ်တွင် ကျူး
ကျော်ထားသည့် မြေကွက် ၂၀၀ ခန့်ကို ရဲတပ်ဖွဲ့၊ စည်ပင်နှင့် ဒေသခံများက
ဒီဇင်ဘာ ၈ ရက်နေ့လယ်တွင် ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။
အတွင်းပဒံရပ်ကွက်၊ မြစိမ်း ရောင်ဘုရားအနီးတွင် ကျူးကျော် နေထိုင်ရန် ၀ါးလုံးတိုင်များ စိုက် ထားခြင်းဖြစ်ပြီး တစ်ကွက်လျှင် ဆယ့်ငါးပေခန့် အကျယ်ရှိ အကွက်ပေါင်း ၂၀၀ ခန့်ဖယ်ရှားခဲ့ ကြောင်း အတွင်းပဒုံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်က ပြောသည်။
‘‘ရဲရော၊ စည်ပင်ပါ အင် အား ၇၀ လောက်ရှိမယ်။ ကျူး တွေမှတ်ထားတဲ့တိုင်တွေကို ရှင်း တာပေါ့။ ပြန်ရောင်းဖို့ ရည်ရွယ် ချက်နဲ့ ကျူးထားကြတာ။ ဒါ ကြောင့် ရှင်းတာပါ’’ဟု ဦးသိန်း ထိုက်ကပြောသည်။
ရှင်းလင်းခံရသည့် မြေနေ ရာတွင် ပြန်ရောင်းရန် ရည်ရွယ်၍ ကျူးထားသူများထံမှ မြေနေရာ ၀ယ်ထားသူ အချို့သာရှိပြီး ရန်ပြု တိုက်ခိုက်ခြင်းမရှိကြောင်း သတင်းရရှိသည်။
‘‘ပြန်ရောင်းဖို့ဆိုပြီး ကျူး ထားတဲ့လူတွေက ဟိုကြည့်လိုက်၊ ဒီကြည့်လိုက်လစ်သွားလိုက်ပေါ့။ ဟိုနေ့ကလို ရန်ပြုတာမျိုးမရှိဘူး။ ၀ယ်ထားမိတဲ့သူတချို့ကတော့ ရပ်ကြည့်နေကြတာပေါ့’’ဟု ကျူး ထားသည့် မြေနေရာများ ရှင်းလင်း ရာတွင် ပါဝင်ခဲ့သည့် အတွင်း ပဒံရပ်ကွက်ဒေသခံတစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၅ ရက်နေ့လယ်က မြစိမ်းရောင်စေတီအနီး မြေကွက် လပ်ကို အင်အား ၅၀ ခန့်ရှိ ကျူး ကျော်များလာရောက်တိုင်စိုက်ရာ မှ ဒေသခံများနှင့် ထိပ်တိုက်တွေ့ ကာ ရဲတပ်ဖွဲ့ဝင်တစ်ဦးအပါအ ၀င် လူ ငါးဦး ဒဏ်ရာရခဲ့သည်။
မြေနေရာယူထားသူများမှာ လှိုင်သာယာအဝေးပြေးဝင်းရှေ့ရှိ ၀ါဝါ၀င်းကုမ္ပဏီပိုင်မြစိမ်းရောင် အိမ်ရာစီမံကိန်းမြေနှင့် အနော်ရ ထာစက်မှုဇုန်မြေနေရာတို့တွင် ထောင်နှင့်ချီ၍ ရှိနေကာ မီးဘေးအန္တရာယ်နှင့် လုံခြုံရေး အန္တရာယ်စိုးရိမ်နေရကြောင်း ဒေသခံတစ်ဦးကပြောသည်။
‘‘ကုမ္ပဏီကို မြို့နယ်အုပ် ချုပ်ရေးပိုင်းက ခြံစည်းရိုးခတ် ခိုင်းတာ။ အခုထိ မခတ်သေးဘူး။ ကျူးထားတဲ့ သူတွေက ၀င်နေကြ ပြီဆိုတော့ မီးရေး၊ ထင်းရေးစိုးရိမ် နေရတယ်။ ကုမ္ပဏီဘက်က ကျူး တွေကို မကြာခင်ရှင်းမယ်လို့ တော့ ကြားတယ်’’ဟု ဆိုသည်။
အင်အားသုံးထောင်ခန့်ရှိ ကျူးများမှာ လှိုင်သာယာအဝေး ပြေးဝင်းရှေ့ရှိ မြစိမ်းရောင်အိမ် ရာစီမံကိန်းမြေနှင့် အနော်ရထာ စက်မှုဇုန်မြေနေရာတို့တွင် အောက်တိုဘာမှစတင်ကာ လာရောက်တဲထိုးနေကြခြင်းဖြစ်သည်။
http://7daydaily.com/story/26593#.VIZgbMnZGM8

No comments:
Post a Comment