၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလက မဲများကို ရေတွက်နေစဉ်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
၂၀၁၅
အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်မဲပေးခြင်း ကို ပွင့်လင်းမြင်သာမှုနှင့်
တရားမျှတမှုရှိရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။
ရွေးကောက်ပွဲတွင် ပြည် တွင်းပြည်ပမှ စောင့်ကြည့်လေ့ လာရေးအဖွဲ့များ ဖိတ်ခေါ်ပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မှတ်ကျောက်တင်သွားမည်ဟုလည်း ဦးတင်အေးက ဆိုသည်။
ဒီဇင်ဘာ ၃၀ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြ၀တီခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံရာ၌ ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲမကျင်းပမီ မဲပေးပိုင်ခွင့်ရှိသူများစာရင်းကို ပြင်ပအဖွဲ့အစည်းများပါ စစ်ဆေးကြည့်ရှုခွင့်ပြုမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဟာဗျူဟာစီမံကိန်းတွင် ထည့်သွင်းရေးဆွဲထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။ရွေးကောက်ပွဲတွင် ပွင့်လင်းမြင်သာမှုမြှင့်တင်ရန် လူမှုအဖွဲ့အ စည်းများ၊ နိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအား လေ့လာစစ်ဆေးခွင့်ပြုရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစဉ်နေသည်။
ပြီးခဲ့သည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်မဲများ နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာ မှုမရှိခဲ့ကြောင်း ၀င်ရောက်ယှဉ် ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီများက ထုတ်ဖော်ပြောကြားထားသည်။
‘‘၂၀၁၀ တုန်းကဆို ကြိုတင် မဲက ကျွန်တော်တို့ကို တော်တော် လေး ဒုက္ခပေးခဲ့ပါတယ်။ ကြိုတင် မဲကြောင့်ပဲနိုင်နေတဲ့ သူက ရှုံးသွားတာတွေရှိတယ်’’ဟု ဒီမိုကရက် တစ်ပါတီ (မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။
ကြိုတင်မဲပေးခြင်းနှင့် ပတ် သက်၍ လာမည့်ရွေးကောက်ပွဲ တွင်မူ တိတိကျကျသတ်မှတ်ပြ ဋ္ဌာန်းခြင်းများ ဆောင်ရွက်ပေး သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီများအား ပြောဆိုထားသည်။
၂၀၁၅ အထွေထွေရွေး ကောက်ပွဲကို အောက်တိုဘာအကုန် နိုဝင်ဘာလဆန်းတွင် ကျင်းပပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။
http://7daydaily.com/story/28370#.VKYfSsnZGM8

No comments:
Post a Comment