အီဘိုလာဗိုင်းရပ်စ်သည်
အနောက်အာဖရိကဒေသ၊ အထူး သဖြင့် ဆီယာရာလီယွန်နိုင်ငံ၌
ဆက်လက်ပျံ့နှံ့နေဆဲဖြစ်ကြောင်း နှင့် ကမ္ဘာတစ်ဝန်း၌ အီဘိုလာ
ကူးစက်ခံရသူဦးရေမှာ ၂၀,၀၀၀ ကျော်ရှိကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က
ဒီဇင်ဘာ ၃၁ ရက်တွင် ပြောသည်။
စစ်ဆေးအတည်ပြုထားပြီး ဖြစ်သော အီဘိုလာကူးစက်ခံရသူ ဦးရေမှာ ၂၀,၂၀၆ ဦးရှိကြောင်းနှင့် ယင်းအနက် ၇,၉၀၅ ဦး သေဆုံး သွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က ဒီဇင်ဘာ ၃၁ ရက် တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဒီဇင်ဘာ ၂၄ ရက်မှစ၍ ဆီ ယာရာလီယွန်နိုင်ငံ၌ အီဘိုလာ ထပ်မံကူးစက်ခံရသူပေါင်း ၃၃၇ ဦးရှိခဲ့ပြီး ယင်းအနက် ၁၄၉ ဦးမှာ မြို့တော်ဖရီးတောင်းမှ ဖြစ်သည်။
ဆီယာရာလီယွန်နိုင်ငံ၌ အကူအညီ အရေးပေါ် လိုအပ်မှု ကြောင့် အမေရိကန် နိုင်ငံတကာ အကူအညီပေးရေး USAID အဖွဲ့ သည် လိုက်ဘေးရီးယားမြို့တော် မွန်ရိုဗီးယားမှ ဆီယာရာလီယွန် မြို့တော် ဖရီးတောင်းသို့ လူနာ တင်ယာဉ်နှစ်စီးကို လေယာဉ်ဖြင့် ပို့ပေးခဲ့ရသည်ဟု ကုလသမဂ္ဂက ပြောသည်။
အီဘိုလာရောဂါသည် ၂၀၁၃ ဒီဇင်ဘာ ၂၈ ရက်တွင် ဂီနီနိုင်ငံ တောင်ပိုင်း၌ စတင်ဖြစ်ပွားခဲ့ပြီး တစ်နှစ်တာအတွင်း ရောဂါပိုး ကူးစက်ခံရသူပေါင်း ၂၀,၀၀၀ ကျော် မြင့်တက်သွားသည်။
ကမ္ဘာတစ်ဝန်း၌ အီဘိုလာ ရောဂါဖြစ်ပွားသည့် နိုင်ငံပေါင်း ကိုးနိုင်ငံရှိသည်ဟု သိရသည်။
အီဘိုလာရောဂါသည် လက်ရှိတွင် အနောက်အာဖရိကဒေသ ရှိ လိုက်ဘေးရီးယား၊ ဆီယာရာ လီယွန်နှင့် ဂီနီနိုင်ငံတို့၌ အပြင်း ထန်ဆုံး ဖြစ်ပွားလျက်ရှိပြီး ၂၀၁၅ နှစ်ကုန်အထိ ယင်းရောဂါ ဆက် လက် ရှိနေနိုင်သေးသည်ဟု ဘယ်လ်ဂျီယံသိပ္ပံပညာရှင် ပီတာ ပီးယက်က ပြောကြားခဲ့သည်။
လိုက်ဘေးရီးယား ပြည်သူ များ နှစ်သစ်ကူးအကြို ၀တ်ပြုဆု တောင်းပွဲများ တက်နိုင်စေရေး အီဘိုလာပျံ့နှံ့မှုကို ထိန်းချုပ်ရန် ရည်ရွယ်ပြဋ္ဌာန်းထားသည့် သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ကို အစိုးရက ပယ်ဖျက်ပေး ခဲ့သည်။
—Ref: Reuters
http://7daydaily.com/story/28347

No comments:
Post a Comment