လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်း ကာရံထားသော
ခြံစည်းရိုးများကို ဒီဇင်ဘာ ၂၉ ရက်တွင် ဖျက်ဆီးခဲ့မှု ဖြင့် ဒေသခံတောင်သူ ၂၀
ကျော်ကို ဆားလင်းကြီးမြို့နယ်ရဲစခန်း၌ အမှုဖွင့် တိုင်ကြားလိုက်ကြောင်း
သတင်းရရှိသည်။
‘‘ကြေးနီစီမံကိန်း ခြံစည်းရိုး ဖျက်ဆီးမှုနဲ့ ပတ်သက်ပြီး အမှုဖွင့်
တိုင်ကြားခဲ့တာ နှစ်မှုရှိတယ်’’ဟု ဆားလင်းကြီးမြို့ မြို့မရဲတပ်ဖွဲ့
စခန်းတာဝန်ကျ ရဲအရာရှိတစ်ဦး က အတည်ပြုပြောကြားခဲ့သည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၂
နာရီခွဲခန့်ကဆည်တည်းကျေးရွာဟောင်းအနီး လက်ပံတောင်းတောင်ကြေးနီစီမံကိန်း
ဧရိယာကာရံထားသော ခြံစည်းရိုးအရှည် ကိုက် ၂၀၀ ခန့်ကို
ဆည်တည်းကျေးရွာဟောင်းတွင် နေထိုင်သည့် ဦးခင်ငြိမ်း၊ ဦးစိုးသူ၊
ဒေါ်ရီရီဝင်း၊ ဒေါ်ဝင်းဝင်းဌေးတို့ ဦးဆောင်သော ကျေးရွာသူ ကျေး ရွာသား ၂၀
ခန့်က ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း အမှုဖွင့်တိုင်ကြားစာ တွင် ဖော်ပြသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက် ၍ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းဥပဒေအရာရှိ
ဦးအောင် မြင့်က တရားလိုပြုလုပ်၍ အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ပြီး
ဆားလင်း ကြီးမြို့ မြို့မရဲတပ်ဖွဲ့စခန်းက (ပ)အမှတ် ၁၉၉/၂၀၁၄၊ ပြစ်မှုဆိုင်
ရာဥပဒေပုဒ်မ ၃၇၉၊ ၄၂၇ အရ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။
အလားတူ ဒီဇင်ဘာ၂၉ ရက်ည ၁၁ နာရီခန့်တွင် ရွှေလှေကျေးရွာအနီး
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဧရိယာကာရံထားသည့် ခြံစည်းရိုးအရှည် ကိုက်
၁,၀၀၀ ခန့်ကို ရွှေလှေကျေးရွာမှ မမာချိုဦးဆောင်သည့် ဒေသခံ ၅၀ ဦးခန့်က
ဖျက်ဆီးခဲ့၍ အမှုဖွင့်တိုင်ကြားထားကြောင်းသိရသည်။
http://7daydaily.com/story/28342
No comments:
Post a Comment