January 5, 2015

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်းတို့တွင် လူနေအိမ်များ ဆောက်လုပ်သွားရန် မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာန စီစဉ်

ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့တွင် အခြေခံအဆောက်အအုံနှင့် လူနေအဆောက်အအုံများ ဆောက်လုပ် သွားနိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနက ဇန်န၀ါရီ ၄ ရက်တွင် တင်ဒါ ခေါ်ယူထားသည်။
Cheap-Building
ရန်ကုန်တိုင်းတွင် တည်ဆောက်လျက်ရှိသော တန်ဖိုးနည်းအိမ်ရာစီမံကိန်းတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်တို့တွင် အိမ်ရာစီမံကိန်းလေးခု အကောင်အထည်ဖော်ဆောင်ရွက်ရန် တင်ဒါ စတင်ခေါ်ယူထားပြီး ဖြစ်သည်။
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ကျန်စစ်သားအိမ်ရာ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၌ ရိုးမတန်ဖိုး နည်းအိမ်ရာ စီမံကိန်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် မဟာဗန္ဓုလအိမ်ရာ စီမံကိန်း၊ စစ်ကိုင်းတိုင်း မုံရွာ မြို့နယ်၌ နန္ဒဝန်တန်ဖိုးသင့် အိမ်ရာစီမံကိန်း အပိုင်း (၂) နှင့် မန္တလေးတိုင်း မြရည်နန္ဒာ အိမ်ရာစီမံကိန်း အပိုင်း (၂) တို့တွင် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။
အဆိုပါ အိမ်ရာ စီမံကိန်းများတွင် အခြေခံ အဆောက်အအုံ (Infrastructure) နှင့် လူနေအဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်းကို တင်ဒါစနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး လုပ်ငန်းတင်ဒါများကို ဇန်န၀ါရီ ၅ ရက်မှ စတင်ကာ ထုတ်ယူနိုင်မည်ဖြစ်ကာ ဇန်န၀ါရီ ၃၀ ရက်တွင် နောက်ဆုံးထား တင်ဒါတင်သွင်းရမည် ဖြစ်သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနသည် ရန်ကုန်မြို့ရှိ ၀န်ကြီးဌာနပိုင် မြေနေရာ ခြောက်နေရာတွင်လည်း အဆင့်မြင့် အဆောက်အအုံများ၊ လူနေအိမ်ရာ၊ စီးပွားရေး အဆောက်အအုံများ အပြင် သင့်လျော်သည့် ရင်းနှီးမြှုပ်နှံမှုများ ပါဝင်သည့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရန် စီစဉ် လျက်ရှိသည်။
ယခုဘဏ္ဍာနှစ်အတွင်း မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ သင်္ဃန်းကျွန်းမြို့ နယ်တို့တွင် အိမ်ရာစီမံကိန်းလေးခု အကောင်အထည်ဖော် ဆောင်ရွက်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များကို တင်ဒါ စတင်ခေါ်ယူထားပြီး ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)၌ ကနောင်အိမ်ရာစီမံကိန်း၊ ပုလဲမွန်အိမ်ရာစီမံကိန်း၊ ယုဇနတန်ဖိုးနည်း အိမ်ရာစီမံကိန်း၊ ကျီစုအရှေ့တန်ဖိုးနည်းအိမ်ရာစီမံကိန်း၊ ရွှေလင်ဗန်းတန်ဖိုးနည်း အိမ် ရာ စီမံကိန်းများကို မြို့ရွာနှင့် အိုးအိမ် ဦးစီးဌာနသည် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီတို့က ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် ဗိုလ်ဗထူး တန်ဖိုးမျှတန်အိမ်ရာစီမံကိန်နှင့် ဗိုလ်မင်း ရောင် တန်ဖိုးမျှတအိမ်ရာစီမံကိန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက် နေသည်။
http://www.mizzimaburmese.com/2013-10-20-16-07-17/item/36297-2015-01-05-03-05-32

No comments:

Post a Comment