လက်ရှိ ရန်ကုန်မြို့အတွင်း၌ ကွန်ဒို ဈေးကွက်မှာ အရောင်းအ၀ယ် ကျဆင်းလျက်
ရှိပြီး ကွန်ဒို ဥပဒေ အတည်ပြု ပြီးပါက ကွန်ဒို ဈေးကွက် ပြန်လည်
မြင့်တက်လာ နိုင်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ လုပ်ငန်းရှင်များအသင်း
ဒုဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။
အခု ကွန်ဒိုဆောက်တဲ့
သူရော၊ တိုက်ခန်း ဆောက်တဲ့သူ တွေပါ သိပ်မရောင်းရ တော့ဘူး။ ၂၀၁၃
ခုနှစ်တုန်းက ကွန်ဒို ဥပဒေကြမ်း ထွက် ထားတာ နှစ်နှစ်ကျော် ပြီ။ အဲဒီဥပဒေ
ကြမ်းကို ဒီလွှတ်တော်မှာ အတည်ပြုပြီး ထွက်လာမယ် ဆိုရင်တော့ ကွန်ဒို
တိုက်ခန်းက ဟုန်းခနဲ ပြန်တက်လာ နိုင်တယ်။ ကွန်ဒို အရောင်းတက်ရင် တခြား
တိုက်ခန်းတွေလည်း အရောင်းတက်လာ နိုင်တယ် ဟု ဦးသန်းဦးက ပြောသည်။
ကွန်ဒို ဥပဒေကြမ်းတွင် နိုင်ငံခြားသား များသည် ကွန်ဒို အဆောက်အအုံ များ၏
ခြောက်လွှာနှင့် အထက် တိုက်ခန်း များကို ပိုင်ဆိုင်ခွင့် ရရှိမည်
ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံခြားသား များသည် ခြောက်လွှာနှင့် အထက် ကွန်ဒို
တိုက်ခန်း များအား အမြင့်ဆုံး(၄၀) ရာခိုင်နှုန်း အထိ ၀ယ်ယူခွင့် ရှိကြောင်း
ဖော်ပြ ထားသည်။ ထိုသို့ နိုင်ငံခြားသားများ အတွက် အိမ်ရာ
ပိုင်ဆိုင်မှုများကို ခွင့်ပြုပေး ခြင်းဖြင့် အိမ်ရာ ဈေးကွက် အခြေအနေသည်
ပြန်လည် မြင့်တက်လာ နိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ကွန်ဒိုတွေ၊ တိုက်ခန်းတွေ အရောင်းအ၀ယ်ကျ နေတာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ
လောက်ကတည်းက စတာပဲ။ ကွန်ဒိုဈေးတွေ ကလည်း တစ်ခန်းကို သိန်းလေးထောင်ကနေ
သိန်းတစ်သောင်း အထက်မှာ ရှိတော့ ပြည်တွင်း ကလူတွေ မ၀ယ်နိုင် ကြဘူး။
နိုင်ငံခြားသား တွေပဲ ၀ယ်နိုင် လောက်တယ် ဟု အိမ်ခြံမြေ အကျိုးဆောင်
လုပ်ကိုင်သူ တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင်
၂၀၁၀ ရွေးကောက်ပွဲ အပြီး အမေရိကန် အပါအ၀င် နိုင်ငံတကာမှ မြန်မာနိုင်ငံ အပေါ်
ချမှတ် ထားသည့် စီးပွားရေး ပိတ်ဆို့မှု များ ဖြေလျော့ပေး ခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံသည် နိုင်ငံတကာ၏ စီးပွားရေး နယ်ပယ်သစ် အဖြစ်
ထင်ရှား လာခဲ့ပြီး ပြည်ပ ရင်းနှီး မြှပ်နှံမှု အလား အလာ တို့ကြောင့် အိမ်
ခြံမြေ ဈေးများမှာ ၂၀၀၈မှ ၂၀၁၂ ခုနှစ်အတွင်း မြေဈေးများ ငါးဆခန့်
မြင့်တက်လာ ခဲ့ကြောင်း ပြည်တွင်းထုတ် သတင်းမီဒီယာ များ၏ ဖော်ပြချက် အရ
သိရသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=31063
No comments:
Post a Comment