လာမည့်၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စ၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ
ပိုမို ၀င်ရောက်လာ စေရန် စီမံချက်များ ရေးဆွဲ ထားကြောင်း ရင်းနှီး
မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ ယင်းကဲ့သို့
ဆောင်ရွက်ရာတွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုကို မြှင့်တင်နိုင်မည့်
အချက် အလက်များ၊ ဥပဒေများနှင့် လုပ်ထုံး လုပ်နည်း စသည့် အစီအမံများ
ထည့်သွင်း ထားကြောင်း သိရသည်။
နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုတွေ တိုက်ရိုက် ၀င်ရောက် လာဖို့ အတွက်လည်း ထည့်သွင်း
ထားတယ် ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ
ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဆိုသည်။ ထိုသို့ စီမံချက်များ
ချမှတ် ဆောင်ရွက်ရာတွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ JICA
နှင့်လည်း ပူးပေါင်းကာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေ နှင့် နိုင်ငံခြားသား
ရင်းနှီးမြှုပ်နှံမှု ဥပဒေ တို့ကိုလည်း ပေါင်းစည်း၍ ရင်းနှီး မြှုပ်နှံမှု
ဥပဒေ တစ်ခု ပြဋ္ဌာန်း နိုင်ရေး အတွက်လည်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက် လာတာနဲ့ အမျှ ပြည်သူတွေ အတွက်
အလုပ် အကိုင် အခွင့်အလမ်းတွေ ပိုပြီး ဖန်တီးပေးနိုင်မှာပါ ဟု
ဦးအောင်နိုင်ဦးက ပြောသည်။
လက်ရှိ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုတွင် ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ စွမ်းအင် ကဏ္ဍတွင်
လုပ်ငန်း(၈၇) ခုကို ကန်ဒေါ်လာ(၁၆) ဘီလီယံ ကျော်ဖြင့် အများဆုံး ရင်းနှီး
ထားပြီး၊ ရင်းနှီးမြှုပ်နှံမှု အားလုံး၏(၃၇ ဒသမ ၉၉) ရာခိုင်နှုန်းခန့်
ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာနထံမှ
သိရသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=31067
No comments:
Post a Comment