ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် စစ်အုပ်
ချုပ်ရေးအမိန့်ထုတ်ပြန်လိုက်ခြင်းကို ကန့်ကွက်ခြင်းမရှိဘဲ ထောက်ခံကြောင်း
ကိုးကန့်လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
ဖေဖော်ဝါရီ ၁၇ ရက်တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခြင်းသည် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဖြစ် သောကြောင့် တပ်မတော်နှင့် လက်တွဲပူးပေါင်းသွားမည်ဖြစ် သည်ဟု လောက်ကိုင်မဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးကျော်နီနိုင်က ဆိုသည်။
‘‘စစ်အုပ်ချုပ်ရေးကို ကျွန်တော်တို့ ကိုးကန့်ကိုယ်စား လှယ်တွေအားလုံးက ထောက်ခံ ပါတယ်။ တပ်မတော်နဲ့ မြန်မြန်ပူးပေါင်းလိုက်မှသာ ဒေသတည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နိုင်မှာပါ’’ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဦးကျော်နီနိုင်က ပြောသည်။
ထို့အတူ ကိုးကန့်ဒေသ၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ်ဦးလီကွေ့ ရှင်းကလည်း စစ်အုပ်ချုပ်ရေးကို ထောက်ခံကြောင်း ပြောသည်။ တိုက်ပွဲဖြစ်ပွားနေသော ကိုးကန့် ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ရန်ကုန်၊ မန္တလေးနှင့် လားရှိုးမြို့မှ ကိုးကန့်တိုင်းရင်းသား လုပ်ငန်းရှင်များ၊ ကိုးကန့် ယဉ်ကျေးမှုအဖွဲ့များ၊ တပ်မတော်ဘက်မှ အရာရှိများနှင့် လွှတ်တော်ကိုယ်စား လှယ်များပါဝင်သော ဖောင်ဒေးရှင်းတစ်ရပ်ဖွဲ့စည်းသွားမည်ဟု ဦးကျော်နီနိုင်က ဆိုသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် နိုင်ငံ တော်သမ္မတရုံးမှ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၂/၂၀၁၅ ထုတ်ပြန်၍ အခြေခံ ဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)အရ အထက်ပါစစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခြင်းဖြစ်သည်။
ရက်ပေါင်း ၉၀ အချိန် ကာလ ကြာမြင့်မည့် အဆိုပါ အ မိန့်အရ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၏ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့် တာဝန်များ၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် သက် ဆိုင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် တာဝန်များအား တပ် မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ အပ်နှင်းလိုက်ပြီ ဖြစ်သည်။
သမ္မတရုံး၏ ထုတ်ပြန်မှု နောက်ပိုင်းတွင် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို ဒေသကွပ် ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)၊ ဒေသကွပ်ကဲရေးမှူး၊ ဗိုလ်မှူးကြီး စောမြင့်ဦးအား စစ်အုပ်ချုပ်ရေး အာဏာ လွှဲအပ်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ဖေဖော်ဝါရီ ၁၇ ရက်တွင် စစ်အုပ်ချုပ်ရေးအာဏာလွှဲအပ် ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ရှမ်းပြည်နယ် ကိုးကန့်ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဖေ ဖော်ဝါရီ ၉ ရက်မှ စတင်ကာ ဖုန် ကြားရှင်၏ လက်နက်ကိုင်တပ် ဖွဲ့များနှင့် မြန်မာ့တပ်မတော်တို့ ကြား တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
http://7daydaily.com/story/31999#.VOanFMnZGM8

No comments:
Post a Comment