February 20, 2015

လောက်ကိုင်တိုက်ပွဲဝင် ရဲဘော်မိသားစုများနှင့် စစ်ရှောင်ဒုက္ခသည်များထံ အနုပညာရှင်များ သွားရောက်လှူဒါန်းမည်

စစ်ရှောင်ဒုက္ခသည်များ ကယ်ဆယ်ရေးယာဉ်ကိုတွေ့ရှိပြီးနောက် ပျော်ရွှင်စွာ ပြေးလာကြစဉ်(ဓာတ်ပုံ − စိုးဇေယျာထွန်း/ရိုက်တာ)
လောက်ကိုင်ဒေသ၌ အသက်စွန့်တိုက်ပွဲဝင်ခဲ့သော ရဲဘော်များ၏ မိသားစုများနှင့် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ကောက်ခံရရှိသော အလှူငွေများကို ဖေဖော်ဝါရီ ၂၁  ရက်တွင်  သွားရောက်လှူဒါန်းမည်ဟု ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေးကပြောသည်။
‘‘ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြင်ဦးလွင် တပ်မတော်စစ်ဆေးရုံမှာ သွားရောက်လှူဒါန်းမှာပါ’’ဟု ဦးအေးကြူလေးက ပြောသည်။
 ယင်းကိစ္စအတွက် အလှူငွေ ကောက်ခံခြင်းကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ကြီးမှူးပြုလုပ်ခဲ့ပြီး လက်ရှိအချိန်ထိ အနုပညာလောကသားများ၏ လှူဒါန်းငွေကျပ်သိန်း ၇၀ ခန့် ရရှိထားသည်ဟုဆိုသည်။
‘‘သွားလှူမယ့်အချိန်ထိ အလှူငွေထည့်လို့ရပါတယ်။ ရုပ်ရှင်အစည်းအရုံးအနေနဲ့လည်း အလှူငွေထည့်ဝင်သွားဦးမှာပါ’’ ဟု ၎င်းက ပြောသည်။
အနုပညာရှင်များအနေဖြင့် လောက်ကိုင်မြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကျဆုံးသွားသော တပ်မတော်သားများ နှင့် တိုက်ပွဲဝင်စစ်သားများအတွက် အလှူငွေများလှူဒါန်းသကဲ့သို့ အားပေးစာများရေးသားကာ လေကြောင်းမှတစ်ဆင့် ပေးပို့ခဲ့သည်။
http://7daydaily.com/story/32001#.VOam4snZGM8

No comments:

Post a Comment