February 20, 2015

နိုင်ငံတော်သမ္မတအား တည့်ခင်းဧည့်ခံရန် တစ်အိမ်ထောင်လျှင် ငွေတစ်ထောင်ကျပ် ကောက်ခံမှု အတင်းအကျပ်ပြုလုပ်ခြင်း မဟုတ်ဟုဆို

ဟာခါးမြို့တွင် ကျင်းပ မည့် (၆၇)နှစ်မြောက် ချင်းအမျိုး သားနေ့ တက်ရောက်မည့် နိုင်ငံတော်သမ္မတကို ညစာဖြင့် တည့်ခင်းဧည့်ခံရန် တစ်အိမ်ထောင် လျှင် ငွေတစ်ထောင်ကျပ် ကောက်ခံမှုမှာ အတင်းအကျပ်တောင်း ခံခြင်း မဟုတ်ကြောင်း ဟာခါးမြို့ ရပ်မိရပ်ဖအဖွဲ့ဝင် ဦးဆွီကျုံးက ပြောသည်။
ဖေဖော်ဝါရီ ၂၀ ရက်တွင် ၀မ္မသူမောင် အားကစားကွင်းအ တွင်း ကျင်းပပြုလုပ်မည့် ပြည်နယ်အဆင့် ချင်းအမျိုးသားနေ့ အခမ်းအနားသို့  နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပထမဆုံးအကြိမ် တက်ရောက်မည်ဖြစ်ပြီး သမ္မတကို ဟာခါးမြို့သူ၊ မြို့သားများက အိမ်ရှင်ဝတ္တ ရား ကျေပွန်စွာ တည်ခင်းဧည့်ခံ မည် ဖြစ်သည်။
ထိုသို့ တည်ခင်းဧည့်ခံရန် ဟားခါးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီအဖွဲ့၌ ရန်ပုံငွေများ ရှိသော်လည်း ရပ်မိရပ်ဖများက မိမိတို့ ငွေကြေးထည့်ဝင် ပါဝင်လိုကြောင်း အစည်းအဝေး ပြုလုပ်သည့်သုံးကြိမ်တွင် တင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ ကြောင့် ဟားခါးမြို့ခံ ပြည်သူများ က တစ်အိမ်ထောင်လျှင် ငွေကျပ် တစ်ထောင်နှုန်းထည့်ဝင်ရန် ချင်း အမျိုးသားနေ့ မတိုင်မီတစ်ပတ် အလိုတွင် လိုက်လံကောက်ခံခြင်း ဖြစ်သည်။ သို့သော် မထည့် မနေရစနစ်ဖြင့် ကောက်ခံခြင်းမဟုတ် ဘဲ ထည့်ဝင်လိုသူများအနေဖြင့် ထည့်ဝင်နိုင်ပြီး  မထည့်ဝင်လိုက လည်း မထည့်ဘဲ နေနိုင်ကြောင်း ဦးဆွီကျုံးက ပြောသည်။
‘‘ချင်းတိုင်းရင်းသားတို့ ဓလေ့ထုံးတမ်းအတိုင်း ဧည့်ခံချင် တဲ့သဘောနဲ့ ဆောင်ရွက်တာပါ။ မထည့်မနေရဆိုပြီး ပြောဆိုထား တာမျိုး မရှိပါဘူး’’ဟု ဦးဆွီကျုံးက ပြောသည်။
၂၀၁၅ ဖေဖော်ဝါရီ ၂၀ ရက် တွင် ကျင်းပပြုလုပ်မည့် ပြည်နယ် အဆင့် ချင်းအမျိုးသားနေ့အခမ်း အနား ကျင်းပရန် ပြည်နယ်အစိုး ရအနေဖြင့်လည်း ငွေကျပ်သိန်း ၆၀၀ အသုံးပြုမည် ဖြစ်သည်။
ဟားခါးမြို့တွင် ရပ်ကွက် ခြောက်ခုရှိပြီး ချင်းပြည်နယ်၌ လူဦးရေ အများဆုံးနေထိုင်သည့် မြို့တော်ဖြစ်သည်။ မြန်မာနိုင်ငံ တွင် လူဦးရေ အနေဖြင့် ၄၈,၂၆၆ဦး နေထိုင်ကာ တစ်နိုင်ငံလုံးတွင်လူဦးရေ အနည်းဆုံးနေထိုင်သည့် မြို့အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း ၂၀၁၄ မတ်လ၌ ကောက်ယူခဲ့သည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ခံရရှိမှုမှ ထုတ်ပြန်ထား သည်။
http://7daydaily.com/story/31986#.VOasksnZGM8

No comments:

Post a Comment