February 20, 2015

တနင်္သာရီဒေသတွင် အကြီးဆုံးဖြစ်လာမည့် ကြေးခေါင်းလောင်း ရွှေတောင်စားစေတီတွင် တပ်ဆင်မည်

သွန်းလောင်းမည့် ခေါင်းလောင်း ပုံတူကို တွေ့ရစဉ် (ဓာတ်ပုံ- စိုးမိုးအောင်)
ထားဝယ်− တနင်္သာရီတိုင်းဒေသ အတွင်း အကြီးဆုံးနှင့် ကြေး ပိဿာချိန် အများဆုံးဖြစ်လာမည့် ခေါင်းလောင်းကို မတ်လအတွင်း ကြေးသွန်းလောင်းမှုအပြီးဆောင် ရွက်မည်ဟု သတင်းရရှိသည်။
ထားဝယ်မြို့ ရွှေတောင်စား စေတီတော်တွင် တပ်ဆင်ပူဇော် မည့် ကြေးပိဿာချိန် ၉,၉၉၉ ပိဿာရှိ မဟာဝိဇယခေမသီတ လနိဗ္ဗုတဃောသ ခေါင်းလောင်း သည် လက်ရှိတွင် ဖယောင်းသွန်း လောင်းမှုအပါအဝင် ခေါင်း လောင်းသွန်းလောင်း နေပြီဖြစ် ကြောင်း ဘုရားကြီးဂေါပကအဖွဲ့ မှ သိရသည်။
 အဆိုပါ ခေါင်းလောင်းကြီး သွန်းလောင်းရန် ၂၀၁၃ မှစ၍ ဒေသအတွင်း ကြေးသတ္တုပစ္စည်း များ အလှူခံစုဆောင်းခဲ့ပြီး ၂၀၁၄ ဇွန်လမှစ၍ မန္တလေးမြို့ တမ္ပဝတီရပ်တွင် ပို့ဆောင်သွန်းလောင်းနေ သည်။
‘‘ဘုရားကြီး တပေါင်းလ ဗုဒ္ဓ ပူဇနိယပွဲတော်အပြီးမှာ ခေါင်း လောင်းကြီးကို ကြေးသွန်းလောင်းသွားမယ်။ အဲဒီအချိန်ကျရင် ဒီက ဂေါပကအဖွဲ့ဝင်တွေလည်း မန္တလေးကိုသွားရမယ်။ ခေါင်း လောင်းကြီးကို အရင်က ဘုရား ကြီးဗုဒ္ဓပူဇနိယပွဲတော်မှာ ဖွင့်လှစ် ဖို့ စီစဉ်ထားပေမယ့် အခုတော့ သင်္ကြန်ကာလမတိုင်မီ ဒီမှာတပ် ဆင်နိုင်ဖို့ စီစဉ်နေတယ်’’ဟု ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ် ဦးက ဆက်လက်၍ ပြောကြား သည်။
ခေါင်းလောင်းကြီးပြီးစီးပါ က မန္တလေးမှ ထားဝယ်သို့ ကုန်းလမ်းခရီးဖြင့် သယ်ယူရန် လျာထားသော်လည်း ကာကွယ်ရေးဦးစီးချုပ်က ကမ်းရိုးတန်း အထူးရေယာဉ်ဖြင့် ပို့ဆောင်ပေးရန် ပြောကြားထားသည်ဟုဆိုသည်။
အဆိုပါခေါင်းလောင်းကို ဘုရားကြီးဝင်းအတွင်း ပြာသာဒ် ဖြင့် ထားရှိမည်ဖြစ်သော်လည်း မိုးရာသီတွင် လမ်းပန်းဆက်သွယ် ရေး အခက်အခဲ ဖြစ်နိုင်သော ကြောင့် လက်ရှိတွင် ခေါင်း လောင်းတပ်ဆင်နိုင်ရန် တည် ဆောက်မှုများဆောင်ရွက်နေ ကြောင်း သိရသည်။
http://7daydaily.com/story/31989#.VOasgMnZGM8

No comments:

Post a Comment