ကိုးကန့်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန်
ဖြစ်ပွားပြီးနောက် ဒေသခံများနှင့် ရွှေ့ပြောင်းနေထိုင်သူများ ဘေးလွတ်ရာသို့
တိမ်းရှောင်လာကြသည်ကို ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)
မန်ဆူ ဘုန်းတော်ကြီးကျောင်းတွင် ခိုလုံနေသည့် ဒုက္ခသည်များအနက်
နောက်ဆုံးကျန်ရှိသည့် စစ်ဘေးရှောင် ဒုက္ခသည်များ အမျိုးသား ၉၃ ဦးနှင့်
အမျိုးသမီး ၃၂ ဦး စုစုပေါင်း ၁၂၅ ဦးကို ပြန်လည်ပို့ဆောင်ပေးခြင်း
ဖြစ်သည်။ဦးဝေလင်းက ''အခုလားရှိုးမြို့မှာ နေရပ်ပြန်မယ့် စစ်ဘေးရှောင်ဒုက္ခသည်တွေ မရှိတော့ပါဘူး။ အားလုံးကို နေရပ်ပြန်နိုင်အောင် စီစဉ်ပေးလိုက်ပါပြီ။ နေရပ်ပြန်စစ်ဘေးရှောင်တွေက ညနေထပ်ရောက်လာရင် နေရပ်ပြန်နိုင်အောင် ထပ်မံစီစဉ်ပေးသွားမှာပါ''ဟု ပြောသည်။
လောက်ကိုင်ဒေသတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် လားရှိုးမြို့တွင် စစ်ဘေးရှောင် ဒုက္ခသည် ၅ဝ,ဝဝဝ ကျော် ရှိခဲ့သည်။
မန်ဆူဘုန်းကြီးကျောင်း ဂေါပကအဖွဲ့ဝင် အထွေထွေအတွင်းရေးမှူး(၃) ဦးစိုင်းဆီးက''လောက်ကိုင်က လာ တဲ့ နေရပ်ပြန်မယ့် စစ်ဘေးရှောင် ဒုက္ခသည်တွေကတော့ မရှိတော့ဘူး။ အကုန်လုံးကို ပြန်နိုင်အောင် ဒီနံနက် (ဖေဖော်ဝါရီ ၂၅ ရက်) စီစဉ်ပေးလိုက်ကြတယ်။ အခု လောက်ကိုင် ဒေသဇာတိပြန်မယ့် စစ်ဘေးရှောင် ဒုက္ခသည်တွေပဲ ရှိတော့တယ်'' ဟု ပြောသည်။
လာရှိုးမြို့မှ မန္တလေးသို့ ပို့ဆောင်ပေးနေသည့် နေရပ်ပြန်စစ်ဘေးရှောင် ဒုက္ခသည်များသည် လောက်ကိုင် ဒေသသို့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ အသီးသီးမှ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် ရောက်ရှိလာသူ များဖြစ်သည်ဟု ၎င်းက ဆိုသည်။
မန်ဆူဘုန်းတော်ကြီးကျောင်းတွင် လက်ခံထားရှိသည့် လောက်ကိုင်ဒေသတွင်း ဇာတိပြန်ရန် စောင့်ဆိုင်းနေသူ စစ်ဘေးရှောင်ဒုက္ခသည် အရေအတွက်မှာ ၃ဝ ခန့် သာရှိတော့သည်ဟုလည်း ၎င်းက ဆိုသည်။
လောက်ကိုင်ဒေသအတွင်း ဖေဖော်ဝါရီ ၉ ရက်က စတင်ကာ ဦးဖုန်းကြားရှင် ဦးဆောင်သော ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် အစိုးရ တပ်မတော်ကြား ဖေဖော်ဝါရီ ၉ ရက်က စ၍ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
MNDAA ခေါ် ကိုးကန့်တပ်မတော်သည် ၁၉၈၉ ခုနှစ်က မြန်မာအစိုးရစစ်တပ်နှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး ၂ဝဝ၉ ခုနှစ်တွင် ကိုးကန့် တပ်မတော်၏ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် လက်နက်ထုတ်လုပ်မှုကို ဓာတ်ပုံအ ထောက်အထားနှင့်တကွ မြန်မာအစိုးရ စစ်တပ်က ထောက်ပြပြောဆိုခဲ့သည်ကို ငြင်းဆိုခဲ့သည်။
ယင်းနောက် စုံစမ်းရန်ရောက်ရှိလာသည့် ရဲဝန်ထမ်း ၁၄ ဦးကို ကိုးကန့်တပ်မတော်က သတ်ဖြတ်ပြီး နောက် မြန်မာအစိုးရစစ်တပ်က မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို ဝင်ရောက်ရှာဖွေရာမှ တိုက်ခိုက်ခဲ့သဖြင့် ကိုးကန့် တပ်မတော်ခေါင်းဆောင် ဦးဖုန်ကြားရှင်သည် အိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ယခု နှစ် ဖေဖော်ဝါရီ ၉ ရက်မှ စတင်ကာ တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/39700-2015-02-26-02-02-44
No comments:
Post a Comment