မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ရန် အတွက် ပြည်တွင်း
ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီရှစ်ခုအား ယခု လကုန်ပိုင်းတွင် လိုင်စင် ထပ်မံချပေး
သွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် ၀န်ကြီးဌာန ထံမှ
သိရသည်။ ယင်းကဲ့သို့ ကုမ္ပဏီ များအား လိုင်စင် ထပ်မံ ချထားပေး ခြင်းကြောင့်
မြန်မာ့ ဆက်သွယ်ရေး ကဏ္ဍပိုမို ဖွံ့ဖြိုး တိုးတက် လာမည့် အပြင် အလုပ်အကိုင်
များလည်း ဖန်တီးပေး နိုင်မည် ဖြစ်ကြောင်း သိရသည်။
လျှောက်ထားတဲ့ ကုမ္ပဏီတွေ အများကြီး ရှိပေမယ့် ဒီကုမ္ပဏီရှစ်ခုက
အချက်အလက်တွေ ပြည့်စုံတယ်။ ပြီးတော့ အစိုးရ အဖွဲ့ ကလည်း ခွင့်ပြုတဲ့ အတွက်
လိုင်စင် ထပ်ချပေးမှာပါ ဟု ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် ၀န်ကြီးဌာနမှ
ညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။ လက်ရှိ ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ရန်
လိုင်စင်ချထား ပေးသည့် ကုမ္ပဏီ (၁၀) ခုရှိပြီး၊ ယခု ကုမ္ပဏီ ရှစ်ခုအား ထပ်မံ
ချထားပေးမည် ဖြစ်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်သွယ်ရေး ကုမ္ပဏီ (၁၈)
ခုရှိ လာမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ
ကုမ္ပဏီများမှ ဆက်သွယ်ရေး လုပ်ငန်းများ ဖြစ်သည့် တာဝါတိုင် တည်ဆောက်ခြင်း၊
ဖိုက်ဘာလိုင်း တည်ဆောက်ခြင်းနှင့် ရေဒီယို စခန်းများ တည်ဆောက်ခြင်း
စသည့်တို့ကို လုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။ ဆက်သွယ်ရေး ကုမ္ပဏီတွေ
ဘယ်လောက်များများ အဓိက ကတော့ ပြည်သူတွေကို အကောင်ဆုံး ၀န်ဆောင်မှုပေး
နိုင်ဖို့ပဲ လိုပါတယ် ဟု တယ်လီနော (မြန်မာ) ၏ ပြန်ကြားရေး တာဝန်ခံ
ဦးစိုးသူက ပြောသည်။
ဆက်သွယ်ရေး လုပ်ငန်း
လုပ်ကိုင်ရန် နှင့် လုပ်ကိုင်ခွင့် ပြုရန် စီစဉ်နေသည့် ကုမ္ပဏီ များမှာ၊ Y
talk ကုမ္ပဏီ၊ Fortune International ကုမ္ပဏီ၊ Call Center ကုမ္ပဏီနှင့်
Global Net ကုမ္ပဏီတို့ ပါဝင်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်
နည်းပညာ ၀န်ကြီးဌာန ထံမှ သိရသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=32556
No comments:
Post a Comment