February 26, 2015

ဖုန်ကြားရှင်အား ဖမ်းဆီးနိုင်ရန် တရုတ် အစိုးရ ကူညီမည်

ကိုးကန့် လက်နက်ကိုင် ခွဲထွက် အဖွဲ့ ခေါင်းဆောင် ဖုန်ကြားရှင်အား ဖမ်းဆီး အရေးယူ နိုင်ရန် တရုတ် အစိုးရမှ ကူညီမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက The Messenger Media သို့ ပြောသည်။ ကျွန်တော်တို့ မြေကို အသုံးချပြီး ဖုန်ကြားရှင်ကို ကူညီနေတာ မဟုတ် ပါဘူး၊ သူတို့ ဗဟို အစိုးရ ပေါ်လစီက မှန်တယ်။ အခုဆို တရုတ် အစိုးရက ကူညီနေပါပြီ ဟု နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးက ဆိုသည်။
         ယင်းကဲ့သို့ ကူညီရာတွင် ဖုန်ကြားရှင် အဖွဲ့နှင့် သက်ဆိုင်သည့် သတင်း အချက်အလက် များအား တရုတ် အစိုးရထံ ပေးပို့ ထားပြီး၊ နှစ်နိုင်ငံ ပူးပေါင်းကာ ဖြေရှင်းပေး သွားမည် ဖြစ်ကြောင်း သိရသည်။ ဖုန်ကြားရှင် အဖွဲ့အား တရုတ် အစိုးရမှ ထောက်ပံ့မှု မရှိသလို တရုတ်နိုင်ငံ အတွင်းတွင်  လည်းနေထိုင်ခွင့် ပြုမည် မဟုတ်ဘဲ နှစ်နိုင်ငံ အပြန်အလှန် ကူညီဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။
        တရုတ် အစိုးရက လက်နက်တွေ ထောက်ပံ့ခြင်းလည်း မရှိပါဘူး၊ အဲဒါကြောင့် နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထိခိုက်စရာ မရှိဘူး ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဆိုသည်။ သို့သော် တရုတ်ဗဟို အစိုးရမှ ဖုန်ကြားရှင် အဖွဲ့ အား ထောက်ပံ့မှု မရှိသော်လည်း အောက်ခြေ အဖွဲ့ အစည်း များက ထောက်ပံ့ခြင်း ရှိမရှိ အတိအကျ မပြောနိုင် သေးကြောင်း ၎င်းက ဆိုသည်။
        ဖုန်ကြားရှင် အဖွဲ့နှင့် ပတ်သက်၍ ယခုလ (၂၁) ရက်နေ့တွင် ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက နေပြည်တော်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ရာ၌ ဖုန်ကြားရှင်သည် တရုတ်နိုင်ငံ ဟိုတယ် တစ်ခုတွင် နေထိုင်၍ သူ၏ တပ်ဖွဲ့ဝင် များအား ကွပ်ကဲနေကြောင်း ပြောကြား ခဲ့သည်။ ထို့ပြင် ကိုးကန့် ဒဏ်ရာရ စစ်သည်များ ကိုလည်း တရုတ်နိုင်ငံရှိ ဆေးရုံတစ်ရုံက လက်ခံ ကုသပေးမှုများ ရှိနေကြောင်း ဓာတ်ပုံ အထောက်အထား အချို့ဖြင့် အသိပေး ထုတ်ပြန် ခဲ့သည်။
 http://www.messengernewsjournal.com/News/Local/detail.php?id=32554

No comments:

Post a Comment