February 26, 2015

တပ်မတော် သိမ်းပိုက်ထားသည့် နယ်မြေ များအား ပြန်လည် သိမ်းယူမည် မဟုတ်ဟု MNDAA ဆို

ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့် ဒေသတွင် တပ်မတော်မှ သိမ်းပိုက် ထားသည့် စစ်ရေးဗျူဟာ အရ အရေးကြီးသော တောင်ကုန်း များအား ကိုးကန့်တပ် (MNDAA) အနေဖြင့် ပြန်လည် သိမ်းပိုက် သွားမည် မဟုတ်ကြောင်း MNDAA ပြောရေးဆိုခွင့် ရှိသူ ဦးထွန်းမြတ်လင်းက The Messenger Media သို့ ပြောသည်။
                ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် လက်နက်ကိုင် အဖွဲ့က ယာယီခြေကုပ်ယူ ထားသည့် စစ်ရေးဗျူဟာအရ အရေးကြီးသော လောက်ကိုင်-တာရွှေထန် လမ်းကြောင်းပေါ်ရှိ တောင်ကုန်း များကို တပ်မတော် စစ်ကြောင်း များက ဖေဖော်ဝါရီလ (၂၂) ရက်နေ့ မွန်းလွဲပိုင်းတွင် ပြန်လည် သိမ်းပိုက် နိုင်ပြီ ဖြစ်ကြောင်း တပ်မတော်က ယခုလ (၂၃) ရက်နေ့၌ သတင်း ထုတ်ပြန်ခဲ့သည်။ ကျွန်တော်တို့ အနေနဲ့ အဲဒီတောင်ကုန်းတွေကို ပြန်သိမ်းပိုက်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ တပ်စခန်းတွေ ကတော့ တောင်ပေါ်မှာ ရှိပါတယ်။ ကျွန်တော်တို့ အဖွဲ့ တွေ မြို့တွေပေါ်မှာမနေပါဘူး။ ကျွန်တော်တို့ ဘာသာ ကျွန်တော်တို့ နေနေတာပါ ဟု ၎င်းက ဆက်ပြောသည်။
                ယခုလ (၂၃) ရက်နေ့က စစ်ပွဲများ ဖြစ်ပွားနေသော လောက်ကိုင်မြို့ရှိ စီအော အကျဉ်းထောင်မှ အကျဉ်းသားများနှင့် တိုက်ပွဲရှောင် ပြည်သူ များ၊ ဌာနဆိုင်ရာ ၀န်ထမ်းများ ပါဝင်သော ယာဉ်တန်းကို ယင်းနေ့ ညနေပိုင်းတွင် ပါစင်ကျော်ကျေးရွာနှင့် ချင်းရွှေ ဟော်ကြားရှိ လုံထန်ရွာ အနီး၌ ကိုးကန့် သောင်းကျန်းသူ အဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် နှောင့်ယှက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်က သတင်း ထုတ်ပြန် ထားသည်။ ယင်းသို့ပစ်ခတ်မှုကြောင့် ယာဉ်တန်းတွင် လိုက်ပါ လာသော အကျဉ်း ဦးစီးဌာနမှ ၀န်ထမ်း တစ်ဦး၊ အကျဉ်းသူ (၄၄) ဦးနှင့် စစ်သည် တစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ဒဏ်ရာရရှိသူ များအား ကွမ်းလုံမြို့ရှိ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူလျက် ရှိကြောင်း သတင်း ရရှိသည်။
 http://www.messengernewsjournal.com/News/Local/detail.php?id=32549

No comments:

Post a Comment