သပိတ်မှောက် ကျောင်းသားများ ဖြတ်သန်းမည့် လမ်းကြောင်းပေါ်ရှိ တောင်တွင်း
ကြီးမြို့နယ် ဆတ်သွားကျေးရွာ တွင် ရဲတပ်ဖွဲ့အင်အား ၂၀၀ ဖြင့်
ဖြန့်ကြက်ထားကြောင်း သတင်းရ ရှိသည်။
ဖေဖော်ဝါရီ ၃ ရက် ညနေ တွင် ရဲတပ်ဖွဲ့ကား ခြောက်စီး၊ မီးသတ်ကား နှစ်စီး၊ ရဲတပ်ဖွဲ့အင် အား ၂၀၀ ခန့်သည် ဆတ်သွား ကျေးရွာဘူတာရုံလမ်းရှိ ဓမ္မာရုံ သို့ ရောက်ရှိလာခြင်းဖြစ်သည်။
အဆိုပါရဲတပ်ဖွဲ့ကားများ သည် ဖေဖော်ဝါရီ ၄ ရက် ညနေ တွင် ဆတ်သွားကျေးရွာမှ ရန် ကုန်မြို့သို့အထွက် တစ်မိုင်ခန့် တွင် ပြောင်းလဲနေရာယူထား ကြောင်း ဆတ်သွားဒေသခံများ ကပြောသည်။
‘‘မနေ့ကတည်းက ရဲတွေ ရောက်နေတာ။ အင်အား ၂၀၀ လောက်ရှိတယ်။ ဒီနေ့ညနေတော့ နေရာပြောင်းသွားတယ်။ အခု သတင်းကြားတာက ရပ်ကွက်လူ ကြီးတွေကို ၂၄ နာရီသတိထားဖို့ လာပြောထားတယ်လို့ သိရတယ်’’ဟု ဆတ်သွားကျေးရွာဒေသခံ တစ်ဦးက ဖေဖော်ဝါရီ ၄ ရက် ညဥ့်ဦးပိုင်းတွင်ပြောသည်။
ရဲတပ်ဖွဲ့များနေရာယူထား သော ဆတ်သွားကျေးရွာသည် တောင်တွင်းကြီးမြို့နှင့် ၁၀ မိုင်ခန့် ကွာဝေးပြီး ဖေဖော်ဝါရီ ၆ ရက် တွင် အဆိုပါရွာကို သပိတ်မှောက်ကျောင်းသားများ ရောက်ရှိမည် ဖြစ်သည်။
‘‘ဆတ်သွားမှာ ရဲတွေလုံခြုံ ရေးယူတယ်ဆိုတာမရှိဘူး။ အခု အများကြီးချထားတယ်လို့သိရ တယ်။ ဒါကကျောင်းသားတွေကို တားဆီးဖို့ဆိုတာ သေချာနေ တယ်’’ ဟု တောင်တွင်းကြီးဒေသခံ ကိုဝင်းထွဋ်က ပြောသည်။
သပိတ်မှောက်ကျောင်းသား များအရေးနှင့် ပတ်သက်၍ ရန် ကုန်တိုင်းရဲတပ်ဖွဲ့သည် ဖေဖော် ၀ါရီ ၃ ရက်က လျှို့ဝှက်အစည်း အဝေးပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။
သပိတ်မှောက် ကျောင်း သားများသည် ယနေ့တွင် တောင် တွင်းကြီးမြို့သို့ ရောက်ရှိလာမည် ဖြစ်သည်။
http://7daydaily.com/story/31029#.VNLvqcnZGM8

No comments:
Post a Comment