February 5, 2015

လွှတ်တော်အတွင်း တပ်မတော်သားအမတ်များရှိနေခြင်း မြန်မာ့နိုင်ငံရေးတည်ငြိမ်စေကြောင်းဂိုချောက်တောင်ဆို

လွှတ်တော်အတွင်း တပ်မတော်သားကိုယ်စားလှယ်များ ရှိ နေခြင်းသည် မြန်မာ့နိုင်ငံရေးအ ခြေအနေကို တည်ငြိမ်စေပါ ကြောင်း  စင်ကာပူနိုင်ငံ ၀န်ကြီးချုပ်ဟောင်းဖြစ်သူ စင်ကာပူနိုင်ငံ ၀ါရင့်ဝန်ကြီး မစ္စတာ ဂိုချောက် တောင်က ပြောကြားသည်။

တပ်မတော်သားများ ဥပဒေပြုလွှတ်တော်အတွင်း ပါဝင်နေမှုသည် ဒီမိုကရေစီပြယုဂ် မဟုတ်ကြောင်း ဝေဖန်မှုများရှိနေချိန်တွင် စင်ကာပူဝန်ကြီးချုပ်ဟောင်းကအထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
ယခုလ ၄ ရက်က မစ္စတာဂို ချောက်တောင်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ ဆုံစဉ် အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်တည်ငြိမ်ရေးနှင့် လုံခြုံရေးတွင် တပ်မတော်၏ မရှိ မဖြစ်အရေးပါသော အခန်းကဏ္ဍ ကို မိမိအနေဖြင့် သိရှိနားလည်ပြီး ပြည်သူများအနေဖြင့် ဒီမိုကရေစီ အတွေ့အကြုံနည်းပါးကာ စမ်း သပ်ကာလဖြစ်နေသဖြင့် ထိုကဲ့သို့တပ်မတော်သားများရှိနေခြင်းဖြင့် မြန်မာ့နိုင်ငံရေးအခြေအနေတည် ငြိမ်စေကြောင်း ၎င်းက ပြောသည်။ရေရှည်ကာလနိုင်ငံတည် ငြိမ်အေးချမ်းလာပါက လွှတ် တော်အတွင်း တပ်မတော်သား များပါဝင်မှုကို လျှော့ချသွား ရန်လိုကြောင်းလည်း မစ္စတာဂို ချောက်တောင်က    ထည့်သွင်းပြောကြားခဲ့သည်ဟု ဆိုသည်။
ထို့ပြင် နှစ်နိုင်ငံတပ်မတော် အကြား ဆက်ဆံရေးအထူးကောင်းမွန်လျက်ရှိကာ ဆက်လက်၍ လည်း ဆက်ဆံမှုများကို တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထိုကဲ့သို့ လွှတ်တော်အတွင်း တပ်မတော်ပါဝင်မှုအခန်းကဏ္ဍ  လျှော့ချနိုင်ရေးနှင့် တဖြည်းဖြည်းလျှော့ချသွားရေးကို ဆောင်ရွက်ရန် လွှတ်တော်ကိုယ်စားလှယ်များက အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ရာတွင် ထည့်သွင်းဆွေးနွေးခဲ့သည်။
မစ္စတာ ဂိုချောက်တောင် သည် ၁၉၉၀ မှ ၂၀၀၄ ခုနှစ်အထိ ၁၄ နှစ်ကြာ စင်ကာပူနိုင်ငံဝန်ကြီး ချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ပြီး လက်ရှိ မစ္စတာလီရှန်လွန်းဦး ဆောင်သည့် အစိုးရအဖွဲ့တွင် ၀ါ ရင့်ဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်လျက်ရှိသည်။
http://7daydaily.com/story/31015#.VNLv2cnZGM8

No comments:

Post a Comment