February 5, 2015

ဝှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်ပြုခြင်း ပြန်လည်ပြင်ဆင်ရန် NDF တောင်းဆို

ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်ထားသူများအား ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ပြုခဲ့ခြင်းအပေါ် ပြန်လည်ပြင်ဆင်ပေးရန် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) က တောင်းဆိုလိုက်သည်။
နိုင်ငံအတွက် အရေးကြီးလှ သည့် အခြေခံဥပဒေပြင်ဆင်ရေး ဆိုင်ရာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ တွင် နိုင်ငံသားမဖြစ်သေးသူများ နိုင်ငံသားများနည်းတူ မဲပေးခွင့်ရ ရှိနေခြင်းမှာ မဖြစ်သင့်ဟု ယုံကြည်ကြောင်း NDF မှ ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။
ယခုလ ၄ ရက်တွင် ထုတ်ပြန်သောဝှိုက်ကတ်ကိုင်ဆောင်ထားသူများအား ဆန္ဒခံယူပွဲ၌ မဲပေးခွင့်ပြုခြင်းအပေါ် သဘောထားကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်မှ ဆုံးဖြတ်လိုက်သော ဆုံးဖြတ်ချက် သည် နိုင်ငံသားမဟုတ်သူများအား နိုင်ငံသားတစ်ဦး၏ အမြင့်ဆုံးရ ပိုင်ခွင့်ဖြစ်သည့် မဲပေးပိုင်ခွင့်ကို တရားဝင်ခွင့်ပြုပေးသကဲ့သို့ ဖြစ်နေ၍ နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နိုင်ငံသားများ၏ လွတ်လပ်စွာ ရွေးချယ်ဖန်တီးခွင့်ကို ထိပါးစေရန် တရားဝင်ခွင့်ပြုသကဲ့သို့ဖြစ်နေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

လွှတ်တော်တွင် အကြောင်း ပြပြောဆိုသည့် နိုင်ငံအတွင်းနေ ထိုင်သော တိုင်းရင်းသားများ၌ ၀ှိုက်ကတ်ကိုင်ဆောင်ထားသူ များရှိနေသည်ဆိုပါက နိုင်ငံသားပြစ်မှုဥပဒေနှင့်အညီ ဆောလျင်စွာ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးရန် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့တွင် တာဝန်ရှိကြောင်း ဖော်ပြထားသည်။
 ယာယီသက်သေခံလက် မှတ်ကိုင်ဆောင်ထားသူများ ပြည် လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရရန်အချက်ကို ရခိုင်တိုင်းရင်း သားလွှတ်တော်ကိုယ်စားလှယ် များက အပြင်းအထန်ကန့်ကွက်ခဲ့ သော်လည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် ကျန်တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များက ထောက်ခံ ခဲ့သဖြင့် သမ္မတ၏ သဘောထား မှတ်ချက်အတိုင်း ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သော ကြောင့် ယာယီသက်သေခံလက် မှတ်ကိုင်ဆောင်ထားသူများ မဲ ပေးခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက် သည့်ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများကို လာမည့်မေလအတွင်း ပြုလုပ်မည်ဟုသူရဦးရွှေ မန်းက ပြောကြားထားသည်။
http://7daydaily.com/story/31013#.VNLz2MnZGM8

No comments:

Post a Comment