February 5, 2015

သရုပ်ဆောင်မင်းအုပ်စိုး ရုံးချိန်းသို့ တရားလိုပြ သက်သေမလာ၍ ထပ်မံချိန်းဆို

လူသတ်မှုဖြင့် တရားစွဲ ဆိုခံထားရသော သရုပ်ဆောင် မင်းအုပ်စိုး တရားရုံးချိန်းတွင် တ ရားလိုပြသက်သေ ရဲဝန်ထမ်းမှာ ခရီးသွားနေသောကြောင့် စစ် ဆေးနိုင်မှုမရှိဘဲ ဖေဖော်ဝါရီ ၁၆ သို့ ထပ်မံချိန်းဆိုလိုက်ကြောင်း သတင်းရရှိသည်။
လေးကြိမ်မြောက် ရုံးထုတ် သော သရုပ်ဆောင်မင်းအုပ်စိုးကို ဖေဖော်ဝါရီ ၄ ရက်တွင် ရုံးချိန်း သတ်မှတ်ထားသော်လည်း တရား လိုပြသက်သေအနေဖြင့် ထွက်ဆို မည့် ရဲဝန်ထမ်းမှာ နေပြည်တော်သို့ အလုပ်တာဝန်ဖြင့် ခရီးသွားနေ သောကြောင့် ထပ်မံချိန်းဆိုခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၅ ရက် နံနက် ၂ နာရီခွဲတွင် ဗဟန်း မြို့နယ် ဖိုးစိန်လမ်းရှိ သရုပ် ဆောင် မင်းအုပ်စိုးနေအိမ်၌ သရပါမဂ္ဂဇင်း အယ်ဒီတာ မတေးနုယဉ် (ခ) မနုနုယဉ်သည် ရင်ဘတ်၊ မျက်နှာနှင့် ကျောဘက်တို့တွင် အညိုအမည်း ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။
ယင်းအမှုနှင့်ပတ်သက်၍  သရုပ်ဆောင်မင်းအုပ်စိုးကို ဇန် န၀ါရီ ၂၂ ရက်က အနောက်ပိုင်း ခရိုင် တရားရုံးတွင် လူသတ်မှုဖြင့် တရားစွဲဆိုခဲ့ပြီး သေဆုံးသူ အမျိုး သမီး၏ မိသားစုက မှန်ကန်သော တရားစီရင်မှု ဖြစ်စေရန် တောင်း ဆိုထားသည်။
http://7daydaily.com/story/31035#.VNLessnZGM8

No comments:

Post a Comment