၂၀၁၅ ခုနှစ် အတွင်း ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင်
ရဲတပ်ဖွဲ့အင်အား အလုံးအရင်းဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာ အရ
လုံခြုံရေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ
ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောသည်။ ယမန်နေ့က ကျင်းပ
ပြုလုပ်သည့် အမျိုးသား လွှတ်တော် အစည်းအဝေး ခေတ္တ ရပ်နားချိန်၌ ပြည်ထဲရေး
ဒုတိယ ၀န်ကြီးအား မီဒီယာ များက သွားရောက် တွေ့ဆုံ မေးမြန်းရာ တွင်၎င်းက အထက်ပါ
အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
တစ်နိုင်ငံလုံး
လုပ်တာ ဆိုတော့ ရဲတပ်ဖွဲ့တွေ အပြင် လူထုပါ ပါဝင်ဖို့ လိုအပ် ပါတယ်။ အခု
ကတည်းက ကျွန်တော်တို့ ကြိုတင် ပြင်ဆင်မှု တွေလုပ်နေ ပါပြီ ဟု ပြည်ထဲရေး
ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောသည်။ အထွေထွေ
ရွေးကောက်ပွဲ၌ တာဝန်ယူ ဆောင်ရွက်ရန် ရည်ရွယ်၍ ရဲတပ်ဖွဲ့ဝင် များကို
လိုအပ်ချက်များ၊ သိသင့် သိထိုက်သည့် အချက်အလက် များနှင့် စည်းမျဉ်း
စည်းကမ်း များကို ယခုအချိန် ကတည်းက သင်တန်းများ ပေးအပ်နေပြီ ဖြစ်ကြောင်း
ပြည်ထဲရေး ၀န်ကြီးဌာနမှ သိရသည်။
၂၀၁၅ ခုနှစ်
အထွေထွေ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်မယ့် နိုင်ငံရေး ပါတီတွေက
အခြား နိုင်ငံတွေမှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်မှု ထက်
ပိုမိုများပြား တာကြောင့် ကျွန်တော်တို့ ပြည်ထဲရေး ၀န်ကြီးဌာန အနေနဲ့
နိုင်ငံတကာ အတွေ့အကြုံတွေ မျှယူ ပြီးတော့ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ် ဟု
ပြည်ထဲရေး ဒုတိယ၀န်ကြီးက ဆိုသည်။
ပြည်ထဲရေး
ဝန်ကြီးဌာန အနေဖြင့် ရဲတပ်ဖွဲ့ဝင်များကို သင်တန်းများ သင်ကြားပေးခြင်း သာမက
ပူးပေါင်း ပါဝင် ဆောင်ရွက်ကြ ရမည့် ပြည်သူ လူထု ကိုလည်း ရွေးကောက်ပွဲ
အချက်အလက် များနှင့် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကို သင်တန်းများ
ပေးအပ်ရန် လိုအပ်ကြောင်း ပြည်ထဲရေး ဒုတိယ ၀န်ကြီးက ဆိုသည်။ ၂၀၁၅
ခုနှစ်တွင်း ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကို ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်မှ အောက်တိုဘာလ(သို့ မဟုတ်) နိုဝင်ဘာလ ဆန်းပိုင်းလောက်တွင် ကျင်းပ
သွားမည် ဖြစ်ကြောင်း သိရသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=31186
No comments:
Post a Comment