ကိုးကန့်တိုက်ပွဲအပါအ ၀င် ပဋိပက္ခဖြစ်ရာဒေသများ၏ သတင်းများရယူရာတွင်
သတင်း ထောက်များအနေဖြင့် လက်နက် ကိုင်တပ်ဖွဲ့များနှင့် ဆက်သွယ်ပါ က
မတရားအသင်းအက်ဥပဒေ အရ အရေးယူခံရနိုင်သည်ဟု သတင်းများထွက်ပေါ်နေခြင်းအ ပေါ်
စိုးရိမ်ရန်မလိုကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ကပြော သည်။
‘‘သတင်းရေးတဲ့အပေါ်ပဲ မူ တည်ပါတယ်။ သတင်းထောက် ကတော့ သတင်းဖြစ်တဲ့အခါ နှစ်
ဖက်အတည်ပြု မေးမြန်းရတာ သူ့အလုပ် သူလုပ်မှာပါပဲ။ ဟိုဘက် ဒီဘက်မေးရတာ
လုပ်တာပဲ။ တစ်ခုပဲ သောင်းကျန်းသူထုတ်တဲ့ တည်ငြိမ်မှုပျက်ပြားအောင်နဲ့
မသေချာဘဲ ဆူပူမှုတွေ အခြေအနေပိုဆိုးသွားအောင် ကောလာဟလတွေဖြစ်အောင်
သတင်းတွေရေးမယ်ဆိုရင်တော့ တစ်မျိုးပေါ့’’ဟု ဦးရဲထွဋ်ကပြောသည်။
ကိုးကန့်ဒေသတွင် စစ်အုပ် ချုပ်ရေးကြေညာလိုက်ပြီးနောက်
မြန်မာ့တပ်မတော်က စစ်ခုံရုံးဖွဲ့၍ စစ်ဆေးနိုင်သည့် ပြစ်မှုများထဲ ၌
သတင်းမီဒီယာဥပဒေနှင့် ပုံ နှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း
ဥပဒေတို့ပါဝင်ပြီး ပြစ်ဒဏ်များမှာ သေဒဏ်အထိ ချမှတ်နိုင်ကြောင်း
ကိုးကန့်ဒေသစစ်အုပ်ချုပ်ရေး ကြေညာချက်တွင် ဖော်ပြထား သည်။
ထို့အပြင် တည်ဆဲမတရား အသင်းအက်ဥပဒေပုဒ်မ ၁၇ (၁) အရ အစိုးရက မတရားအသင်း
ဟု သတ်မှတ်ထားသည့် တိုင်းရင်း သားလက်နက်ကိုင်အပါအ၀င် အဖွဲ့အစည်း၊
လူပုဂ္ဂိုလ်များဖြင့် ဆက်သွယ်ပါက ထောင် တစ်နှစ်၊ ၁၇ (၂) အရ ယင်းအဖွဲ့အစည်း
တွင် ငွေကြေးထောက်ပံ့ကူညီ ခြင်းအပါအ၀င် ပါဝင်ပတ်သက် ခြင်း ပြုလုပ်ပါက
ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
သို့သော် ပုဒ်မ ၁၇ မှာ ဥပဒေ အရ တည်ဆဲဖြစ်နေသော်လည်း ၂၀၁၂ မှစတင်ခဲ့သည့်
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့များ ဆွေးနွေးပွဲများ စတင်ခဲ့
စဉ်ကတည်းက မီဒီယာများနှင့် ဆက်သွယ်ရန်ဆိုသည့် အချက် ပါဝင်ထားကြောင်း
ပဋိ့ပက္ခနှင့် ငြိမ်းချမ်းရေးသတင်းများရယူနေ သည့် The Flower News
Journalတာဝန်ခံအယ်ဒီတာ ဦးစိုင်း အောင်လွင်ကပြောသည်။
‘‘လွတ်လပ်တဲ့ မီဒီယာ သမားတစ်ယောက်အဖို့မှာတော့ သတင်းသဘောအရ ဘယ်သူနဲ့
ဖြစ်ဖြစ် ဆက်သွယ်ရမှာပဲ။ သတင်းစံနှုန်းတို့၊ ကျင့်ဝတ်တို့ ဘက်မျှမှုတို့အရ
ကြည့်မယ်ဆိုရင် လည်း နှစ်ဖက်အသံတွေကလို တယ်။ တပ်မတော်ကထုတ်ပြန် ချက်
တစ်ခုတည်းကို ရေးရမယ် ဆိုရင် ရေးရတဲ့ မီဒီယာသမားအ ဖို့လည်း စိတ်သန့်မှာ
မဟုတ်သလို ၀ါဒဖြန့်ပေးရုံသက်သက်ဖြစ်လိမ့် မယ်။ နှစ်ဖက်လုံးက ၀ါဒဖြန့်တာ
ပဲလေ။ ဖြန့်တာချင်းတူရင်တောင် နှစ်ဖက်စလုံးက အသံတွေပါမှ ဘက်မျှမယ်။
တကယ်တော့ ဒီဥပဒေကခုလိုအမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်မဲ့အချိန်မှာ
ရှိကိုမရှိသင့်တော့ဘူး’’ဟု ၎င်းကပြောသည်။
အဆိုပါပုဒ်မ ၁၇ ကို ပယ် ဖျက်ရန် လွှတ်တော်တွင် အဆိုပြု ခဲ့သော်လည်း
အဆိုရှုံးနိမ့်သွားခဲ့ ပြီး ဥပဒေမှာ အတည်ဖြစ်နေသ ရွေ့ လေးစားလိုက်နာရမည်ဖြစ်
ကြောင်း တရားလွှတ်တော်ရှေ့ နေဦးကိုနီကပြောသည်။
‘‘ကျွန်တော်တို့ နိုင်ငံက တရားဥပဒေ မစိုးမိုးတော့ အဲဒီ ပုဒ်မက အချိန်မရွေးဒုက္ခပေးချင် ပေးလို့ရတယ်’’ဟု ၎င်းကပြော သည်။
ကိုးကန့်ဒေသတွင် မြန်မာ အစိုးရတပ်နှင့် ဖုန်ကြားရှင်၏
ကိုးကန့်တပ်ဖွဲ့တို့၏ တိုက်ပွဲနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မှု များကို
တပ်မတော်ဘက်မှ ယခင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်
တိုက်ပွဲဖြစ်စဉ်များ နှင့် မတူဘဲ နေ့စဉ် နောက်ဆုံးရ သတင်းများအဖြစ်
ထုတ်လွှင့် လျက်ရှိသည်။ မတရားအသင်း ဆက်သွယ်သည့် ပုဒ်မနှင့် အရေး
ယူမည့်ကိစ္စကို တပ်မတော်က ပြုလုပ်မည်ဟု မထင်ကြောင်း သတင်းထောက်တစ်ဦးက ၎င်း၏
အမြင်ကိုပြောကြားသည်။
‘‘တပ်ကတော့ အဲဒီလိုလုပ် မယ်မထင်ဘူး။ သူတို့က ၂၀၁၆ ကို မျှော်မှန်းပြီး
တပ်ရဲ့ ပုံရိပ်ပြန် ကောင်းအောင် လုပ်နေတဲ့ အချိန် ဖြစ်လို့’’ဟု ၎င်းကပြောသည်။
သတင်းထောက်များအနေ ဖြင့် သတင်းပြည့်စုံမျှတပြီး ဘက် လိုက်မှုကင်းစေရန်
နှစ်ဖက်အ သံများကို ဆက်သွယ်ရယူရန်လို ပြီး မိမိအလုပ်ကို ရဲရင့်စွာ လုပ်
ဆောင်ရန်သာ လိုကြောင်း သတင်းစာဆရာ စည်သူအောင်မြင့်ကပြောသည်။
http://7daydaily.com/story/32411#.VOvhksnZGM8
No comments:
Post a Comment