နေပြည်တော် ဖေဖော်ဝါရီ ၁၉
မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော် ဆေးရုံ၌
လောက်ကိုင်ဒေသ တိုက်ပွဲများ အတွင်း
ထိခိုက်ဒဏ်ရာ ရရှိ၍ ဆေးကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊
မိသားစုဝင်များအား ယနေ့ ညနေ ၃ နာရီတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်
တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု
အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
အဆိုပါ ဒဏ်ရာရ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ကာကွယ်ရေး
ဦးစီးချုပ်ရုံး(ကြည်း) စစ်ရေးချုပ်ရုံးမှ ထောက်ပံ့ငွေ ၃၅ဝဝဝဝ ကျပ်နှင့်
တိုင်းစစ်ဌာနချုပ်မှ ထောက်ပံ့ငွေ ၃ဝဝဝဝဝ ကျပ်၊ စုစုပေါင်း ၆၅ဝဝဝဝ ကျပ်
ထောက်ပံ့ ပေးခဲ့ကြောင်း သတင်း ရရှိသည်။
http://myawady.net.mm/allnews/militarynews/item/60790-2015-02-20-10-29-41
No comments:
Post a Comment