နေပြည်တော် ဖေဖော်ဝါရီ ၂၂
ဒို့တာဝန် အရေးသုံးပါးကို အစဉ်
ဦးထိပ်ထားလျက် နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို သက်စွန့်ကြိုးပမ်း
ထမ်းရွက်ကြသော တပ်မတော်သားများအား ဂုဏ်ပြုသော အားဖြင့် အလှူငွေများ
ပေးအပ်ပွဲ အခမ်းအနားကို
ယနေ့ မွန်းလွဲ ၁ နာရီက နေပြည်တော်
တည်းခိုရေး စခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့
စစ်ရေးချုပ် ဗိုလ်ချုပ် ဆန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်
အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်
မောင်မောင်အေး၊ အလှူရှင်များနှင့် တပ်ရင်း/ တပ်ဖွဲ့မှူးများ တက်ရောက်ကြသည်။
အခမ်းအနားတွင် အလှူရှင်များက နိုင်ငံတော်
ကာကွယ်ရေး တာဝန်များကို သက်စွန့်ကြိုးပမ်း ဆောင်ရွက် ခဲ့သည့်
တပ်မတော်သားများအတွက် အလှူငွေ ၂၇၆ဝ၂၅၂ဝဝ ကျပ်အား ပေးအပ်ကြရာ စစ်ရေးချုပ်
ဗိုလ်ချုပ် ဆန်းဦး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်
မောင်မောင်အေးနှင့် တွဲဖက် စစ်ရေးချုပ် ဗိုလ်ချုပ် နေလင်းတို့က
လက်ခံရယူကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ကြသည်။
ထို့နောက် စစ်ရေးချုပ် ဗိုလ်ချုပ်
ဆန်းဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနား တက်ရောက်
လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်း ရရှိသည်။
http://myawady.net.mm/allnews/militarynews/item/60944-2015-02-23-09-09-41
No comments:
Post a Comment