နေပြည်တော် ဖေဖော်ဝါရီ ၂၂
လောက်ကိုင် ဒေသတွင် ပြည်သူတို့၏ အသက် အိုးအိမ် စည်းစိမ် အတွက် အသက် ပေးလှူခဲ့ကြသည့် တပ်မတော်သားများ အတွက် အလှူငွေ ပေးအပ်ပွဲကို
ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင်
စစ်ကိုင်းမြို့ သောတာပန်ရပ်ရှိ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် စေတီတော်
လိုဏ်ဂူအတွင်း၌ ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စု
ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးစိုးသိန်း၊ ဦးလှထွန်း၊
ဦးအုန်းမြင့်၊ ဦးရဲထွဋ်၊ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး၊
မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ ညှိနှိုင်းကွပ်ကဲရေးမှူး
(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး
(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် တာဝန်ရှိသူများ
တက်ရောက်ကြသည်။
အလှူငွေ ပေးအပ်ပွဲတွင် လောက်ကိုင်ဒေသ၌
ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်အတွက် အသက် ပေးလှူခဲ့ကြသည့်
တပ်မတော်သားများ အတွက် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က လှူဒါန်းငွေ ကျပ်သိန်း ၃ဝဝ
နှင့် ပိုင်ကုမ္ပဏီနှင့် ကံ့ကော်မြိုင် ကုမ္ပဏီတို့က ငွေကျပ် သိန်း ၅ဝ စီ
လှူဒါန်းကြရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး
လှဌေးဝင်းက လက်ခံ ရယူခဲ့သည်။
http://myawady.net.mm/allnews/militarynews/item/60942-2015-02-23-09-05-16
No comments:
Post a Comment