February 23, 2015

နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို သက်စွန့် ကြိုးပမ်း ထမ်းရွက်နေသော တပ်မတော်သားများ အတွက် အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်  ဖေဖော်ဝါရီ  ၂၁
လောက်ကိုင် ဒေသအတွင်း နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို သက်စွန့်ကြိုးပမ်း ထမ်းရွက် နေသော တပ်မတော်သားများအတွက် အလှူငွေများ ပေးအပ် လှူဒါန်းပွဲကို ဖေဖော်ဝါရီ ၂ဝ ရက်
မွန်းလွဲပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ ကျင်းပ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်အောင်ကျော်ဇော၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အလှူရှင်များက စုစုပေါင်း အလှူငွေကျပ် ၈၇၈၈၇၅ဝဝ နှင့် ငွေကျပ် ၁၅၁ဝဝဝဝ တန်ဖိုးရှိ စားသောက်ဖွယ်ရာများအား အသီးသီး ပေးအပ် လှူဒါန်းရာ တိုင်းမှူးက လက်ခံ ရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို သက်စွန့်ကြိုးပမ်း ဆောင်ရွက် နေကြသော တပ်မတော်သား များအား စေတနာရှင် အလှူရှင်များ အနေဖြင့် ဆက်လက် ပါဝင်လှူဒါန်း လိုပါက တောင်ပိုင်း တိုင်း စစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီး စိုးထူးငြိမ်း ဖုန်း-ဝ၉၃၉၁-ဝ၃၁၅၉၊ ဝ၉၄၂၈၁၂၆၁၆၆၊ ဝ၃၂-၃၃၁၁၅ သို့ ဆက်သွယ် လှူဒါန်း နိုင်ကြောင်း သိရှိရသည်။
http://myawady.net.mm/allnews/militarynews/item/60912-2015-02-22-10-47-03

No comments:

Post a Comment