နေပြည်တော် ဖေဖော်ဝါရီ ၂၁
လောက်ကိုင် ဒေသအတွင်း နိုင်ငံတော်
ကာကွယ်ရေး တာဝန်များကို သက်စွန့်ကြိုးပမ်း ထမ်းရွက် နေကြသော
တပ်မတော်သားများအား ဂုဏ်ပြုသော အားဖြင့် မြန်မာနိုင်ငံ ရုပ်ရှင်
အစည်းအရုံးမှ
အလှူငွေ ပေးအပ်လှူဒါန်းပွဲကို
ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ တပ်မတော် ဆေးရုံ၌ ကျင်းပ
ပြုလုပ်ရာ ပြင်ဦးလွင် တပ်နယ်မှူး ဗိုလ်မှူးချုပ် မြင့်မော်၊ တပ်မ တော်
အရာရှိကြီးများ၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ အနုပညာရှင်များနှင့်
တာဝန် ရှိသူများ တက်ရောက်ကြသည်။
ထို့နောက် မြန်မာနိုင်ငံ ရုပ်ရှင်
အစည်းအရုံးမှ ဦးနှင်းမိုး၊ ဦးအောင်လွင်နှင့် ဦးလူမင်းတို့က ထိခိုက်ဒဏ်ရာ
ရရှိသော စစ်သည်များ အတွက် လှူဒါန်းငွေ ၁၅၅ဝဝဝဝ ကျပ်ကို လည်းကောင်း၊
လောက်ကိုင် ဒေသတွင် နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင် နေသော
စစ်သည်များအတွက် လှူဒါန်းငွေ ၅ဝဝဝဝဝဝ ကျပ်ကိုလည်းကောင်း၊ တပ်မတော် ဆေးရုံ
ဆေးပဒေသာပင် အတွက် ၂ဝ၂၃ဝဝဝ ကျပ်နှင့် အမေရိကန်ဒေါ်လာ ၅ဝဝ ကိုလည်း ကောင်း၊
တိုက်ပွဲရှောင် ပြည်သူများအတွက် ၅ဝဝဝဝဝဝ ကျပ်ကိုလည်းကောင်း အသီးသီး ပေးအပ်
လှူဒါန်းရာ ပြင်ဦးလွင် တပ်နယ်မှူး ဗိုလ်မှူးချုပ်မြင့်မော်က လက်ခံရယူပြီး
ဂုဏ်ပြု မှတ်တမ်း လွှာများ ပြန်လည် ပေးအပ်သည်။
ယင်းနောက် မြန်မာနိုင်ငံ
ရုပ်ရှင်အစည်းအရုံးမှ အနုပညာရှင်များက ဆေးရုံတက်ရောက် ကုသမှု ခံယူလျက်
ရှိသည့် အရာရှိ၊ စစ်သည်များအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံ
နှုတ်ဆက်ပြီး အားပေးစကား ပြောကြားကြသည်။
မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ
လောက်ကိုင်ဒေသတွင် နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင် နေသော
တပ်မတော်သားများ အတွက် ယနေ့တွင် လှူဒါန်းငွေ စုစုပေါင်း ၁၃၅၇၃ဝဝဝ ကျပ်နှင့်
အမေရိကန် ဒေါ်လာ ၅ဝဝ တို့အား ပေးအပ် လှူဒါန်း ခဲ့ကြောင်း သတင်း ရရှိသည်။
http://myawady.net.mm/allnews/militarynews/item/60900-2015-02-22-10-07-32
No comments:
Post a Comment