တပ်တော်ဝင်အခမ်းအနားတွင်ပြသထားသော လေယာဉ်များ (ဓာတ်ပုံ−ကာကွယ်ရေးဝန်ကြီးဌာန)
မြန်မာ့တပ်မတော်
(လေ)အတွက် လေ့ကျင့်ရေးဂျက် တိုက်လေယာဉ် (K-8 W)၊ သယ် ယူပို့ဆောင်ရေးနှင့်
လေကြောင်း ကင်းထောက်အတွက် အသုံးပြု သော ATR-42 နှင့် BEECH 1900 D
လေယာဉ်များ တပ်တော်ဝင် (လွှဲပြောင်းပေးမှု) အခမ်းအနားပြုလုပ်ခဲ့ကြောင်း
သတင်းရရှိသည်။
တပ်တော်ဝင်ရာတွင် K-8 W လေယာဉ် ခြောက်စီး၊ BEECH 1900 D နှစ်စီးနှင့် ATR-42 တစ် စီးတို့ဖြစ်ကြောင်း သတင်းရရှိ သည်။ ယခုအကြိမ်ပြုလုပ်သော လေ့ကျင့်ရေးဂျက်တိုက်လေယာဉ် (K-8 W) များ တပ်တော်ဝင်ခြင်းမှာ တတိယအကြိမ်ဖြစ်ပြီး တပ်မတော်လေသို့ စုစုပေါင်း K-8 W လေယာဉ် ၁၈ စီး လွှဲပြောင်းပေးပြီး ဖြစ်ကြောင်း မြ၀တီဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။
‘‘K-8 W လေ့ကျင့်ရေးဂျက် တိုက်လေယာဉ်များသည် အပေါ့ စားတိုက်ခိုက်ရေးတာဝန်များ ထမ်းဆောင်နိုင်ပြီး ခေတ်မီအဆင့် မြင့်ရှေ့တန်းဂျက်တိုက်လေယာဉ် များ မောင်းနှင်မည့် လေသူရဲများ ကို ကြားခံလေ့ကျင့်ပေးနိုင်သော အပေါ့စားတိုက်ခိုက်ရေးအမောင်း သင် ဂျက်လေယာဉ်အမျိုးအစား ဖြစ်ကြောင်း’’ဟု တပ်တော်ဝင်အ ခမ်းအနားတွင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောကြား သည်။
ထို့အပြင် ကာကွယ်ရေးဦးစီး ချုပ်က ‘‘တပ်မတော် (လေ)အနေ နဲ့ ပတ်ဝန်းကျင်နိုင်ငံများနှင့် နှိုင်း ယှဉ်လျှင် နည်းပညာမျိုးဆက်ကွာ ဟမှုများရှိနေရာမှ ၁၉၉၀ ပြည့် နှစ်ဝန်းကျင်တွင် ဒုတိယမျိုးဆက် ဂျက်တိုက်လေယာဉ်များ၊ အလတ်စားသယ်ယူပို့ဆောင်ရေး လေ ယာဉ်များ၊ ဘက်စုံသုံးစွမ်းရည်မြင့်မားသည့် ရဟတ်ယာဉ်များ အသုံး ပြုလာခဲ့ကြောင်း၊ ၂၀၀၁ ခုနှစ်တွင်စတုတ္ထမျိုးဆက်တိုက်လေယာဉ် များစတင်အသုံးပြုလာနိုင်သည့် အတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေ သတွင်း နိုင်ငံများကို အမီလိုက်နိုင် ခဲ့ပါကြောင်း၊ ယခုကဲ့သို့ အမီလိုက်နိုင်ရန်မှာ ပန်ကာတပ်လေယာဉ် အဆင့်မှ ဒုတိယမျိုးဆက်ဂျက် တိုက်လေယာဉ်၊ ထိုမှတစ်ဆင့် စတုတ္ထမျိုးဆက်ဂျက်တိုက်လေ ယာဉ်စသည်ဖြင့် မျိုးဆက်များ ခုန်ကျော်တက်လှမ်းခဲ့ရကြောင်း’’ ထည့်သွင်းပြောကြားသည်။
K-8 W လေယာဉ်များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ CATIC ကုမ္ပဏီနှင့် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်ရုံးတို့ ပူး ပေါင်း၍ မြန်မာနိုင်ငံအတွင်း တပ်ဆင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
http://7daydaily.com/story/32577#.VO6IAo4YuM8

No comments:
Post a Comment