တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသ၌ တပ်မတော်သားနှစ်ဦးကိုတွေ့ရစဉ် (ဓာတ်ပုံ−အောင်သစ်လွင်)
အစိုးရတပ်နှင့်
ဖုန်ကြား ရှင်၏ ကိုးကန့်တပ်ဖွဲ့တို့ကြား ဖြစ်ပွားနေသော တိုက်ပွဲတွင်
‘၀’တပ်ဖွဲ့ပါဝင်ကြောင်း တပ်မတော်၏ ပြောကြားချက်မှာ
ချဲ့ကားပြောခြင်းသာဖြစ်ပြီး ကိုးကန့်တိုက်ပွဲ၌ ပါဝင်ပတ်သက်ခြင်း မရှိဘဲ
ကြားနေအဖြစ်သာ ရပ်တည်နေ ကြောင်း ‘၀’ပြည်သွေးစည်းညီ ညွတ်ရေးတပ်မတော်
(UWSA/UWSP)က ပြောကြားသည်။
ကိုးကန့်တိုက်ပွဲတွင် ‘၀’ နှင့် ဖုန်ကြားရှင်၏သမက်စိုင်းလင်း ဦး ဆောင်သည့် မိုင်းလားတပ်ဖွဲ့ပါဝင်ပတ်သက်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက နေပြည်တော်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားချက်ကြောင့် ဖေဖော်ဝါရီ ၂၄ ရက်မှစ၍ အဆိုပါအဖွဲ့နှစ်ဖွဲ့၏ ဗဟို ကော်မတီအစည်းအဝေးများကို ‘၀’ဒေသဗဟိုဌာနချုပ် ပန်ဆန်း တွင် ပြုလုပ်လျက်ရှိသည်။
‘‘အခုလက်ရှိကတော့ ဆွေး နွေးနေတုန်းပဲ။ နောက်တစ်ရက်၊ နှစ်ရက်လောက်မှ ပြီးမယ်နဲ့တူ တယ်။ သတင်းစာရှင်းလင်းပွဲမှာ ပြောတဲ့ကိစ္စတွေက ချဲ့ကားပြီး တော့ အဓိပ္ပာယ်မရှိတဲ့ဟာတွေ ဖြစ်နေတယ်။ အခုလောလော ဆယ်တော့ ဒီကိစ္စကိုပဲ ဗဟိုကော် မတီအစည်းအဝေး ထိုင်နေတာ ပေါ့။ ကျွန်တော်တို့အနေနဲ့က ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မထောက်ခံဘူး။ မပတ်သက်ဘူး။ ကျွန်တော်တို့အနေနဲ့ကတော့ ကြားနေပဲလို့ ပြောထားပါတယ်။ အသေးစိတ်ကိုတော့ လာမယ့် ကျွန်တော်တို့ဆီက ထုတ်ပြန်မယ့် ထုတ်ပြန်ချက်တွေကိုပဲ စောင့် ကြည့်လိုက်ပါ’’ဟု ‘၀’ပြည်သွေး စည်းညီညွတ်ရေး တပ်မတော်/ ‘၀’ပြည်သွေးစည်းညီညွတ်ရေးပါ တီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင် မြင့်က ပြောကြားသည်။
အစည်းအဝေးမှာ မူလက နှစ်ရက်ခန့်ပြုလုပ်ပြီး ထုတ်ပြန် ချက်ကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ထုတ်ပြန်မည်ဟု စီစဉ်ခဲ့သော် လည်း ဆွေးနွေးမှု မပြီးပြတ်သည့် အတွက် ရက်အနည်းငယ် အချိန် ယူပြီးမှသာ အပြည့်အစုံထုတ်ပြန် မည်ဖြစ်ကြောင်း ‘၀’တပ်ဖွဲ့နှင့် နီး စပ်သူတစ်ဦးက အတည်ပြုပြော ကြားသည်။
ကာကွယ်ရေးဝန်ကြီးဌာန ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် ‘၀’တပ်ဖွဲ့ထုတ် လက်နက် များကို ကိုးကန့်တိုက်ပွဲ၌ ဖမ်းဆီး ရမိခဲ့ပြီး ‘၀’၊ မိုင်းလား၊ SSA (၀မ်ဟိုင်း)၊ TNLA နှင့် AA၊ KIA တို့ ပါဝင်ပတ်သက်နေကြောင်း ပြောကြားခဲ့သည်။ KIA ကမူ လောက်ကိုင်တိုက်ပွဲများ မဖြစ်ပွားမီ သံလွင်အနောက်ခြမ်း ရှိ KIA တပ်မဟာ (၄)ဒေသတွင် ဖြစ်ပွားသော တိုက်ပွဲများ၌သာ ပါဝင်ခဲ့ပြီး ကိုးကန့်ဒေသတိုက်ပွဲများတွင်မူ ပါဝင်ခြင်းမရှိကြောင်း ပြောကြား ထားသည်။ TNLA နှင့် AA တို့မှာကိုးကန့်နှင့် ပူးပေါင်းတိုက်ခိုက် နေကြောင်း ပြောကြားထားပြီး ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်ကမူ ၎င်းတို့အ ဖွဲ့ပါဝင်ကြောင်း ပြောကြားချက် ကို ရုပ်သိမ်းပေးရန် ကာကွယ်ရေး ဦးစီးချုပ်ထံ စာရေးသားတောင်း ဆိုထားသည်။
မိုင်းလားတပ်ဖွဲ့ (NDAA) မှာ ဖုန်ကြားရှင်၏ သမက်စိုင်းလင်းဦးဆောင်သည့်အဖွဲ့ဖြစ်ပြီး တိုက်ပွဲတွင် ပါဝင်ပတ်သက်မှု မရှိနိုင်သော်လည်း ဆက်သွယ်မှုရှိနိုင်ကြောင်း သတင်းစာဆရာ ဘာတေးလ်လင့်တနာက ပြောကြား သည်။
ကိုးကန့်ဒေသမှာ စစ်အုပ် ချုပ်ရေးကြေညာထားပြီး တိုက်ပွဲ များ နေ့စဉ်ဖြစ်ပွားနေသည်။ နှစ်ဖက်အကျအဆုံးများ ရှိနေဆဲ ဖြစ်ပြီး တိုက်ပွဲအတွင်း လောက် ကိုင်မြို့ပေါ်တွင် ပိတ်မိနေသည့် ဒေသခံများလည်း ကျန်ရှိနေသေး ကြောင်း သတင်းရရှိသည်။
http://7daydaily.com/story/32578#.VO6H_o4YuM8

No comments:
Post a Comment