February 20, 2015

ရမ္မဇူတွင် အကောင်အထည်ဖော်မည့် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကို ဒေသခံအချို့ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်

ကျောက်မီးသွေးဓာတ်အားပေးစက်ရုံစီမံကိန်းကို ထောက်ခံဆန္ဒပြသူများ (ဓာတ်ပုံ − စိုးမိုးအောင်)
 လောင်းလုံးမြို့နယ် ရမ္မဇူဒေသတွင် အကောင်အ ထည်ဖော် ဆောင်ရွက်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို  ဒေသခံအချို့က ထောက်ခံသည်ဟု ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။
ဒေသအတွင်း လျှပ်စစ်ဓာတ် အားကို ဈေးနှုန်းချိုသာစွာ သုံးစွဲ နိုင်ရန် ရဘဲ၊ ဇလွတ်နှင့် ကျောက် ၀ပ်ပြင်၊ အောက်ကျောက်ဝပ်၊ ကျောက်မတ်တတ် အပါအ၀င် ကျောက်လေးလုံးဒေသရှိ ကျေး ရွာများမှ ဒေသခံ ၃၀၀ ခန့်သည် ရမ္မဇူကျောက်မီးသွေးဓာတ်အား ပေး စက်ရုံစီမံကိန်းကို ထောက်ခံ ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်က လောင်းလုံးမြို့နယ် သကျက် တော ကျေးရွာတွင် လာရောက် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကျေးရွာများသည် စီမံ ကိန်းဧရိယာနှင့် ကွာဝေးပြီး လျှပ် စစ်ဓာတ်အား အနည်းဆုံး ၁၀ ယူနစ်သုံးစွဲရသည့်စနစ်ဖြင့် တစ် ယူနစ်လျှင် အနည်းဆုံး ၇၀၀ ကျပ် ဖြင့် အချိန်ပိုင်းသုံးစွဲနေရကြောင်း သိရသည်။
‘‘အစိုးရက ပေးမယ်ဆိုတဲ့ လျှပ်စစ်မီးက မြို့တွေလောက်ပဲ ရလိမ့်မယ်။ ကျွန်တော်တို့ ကျေး လက်ဒေသဘက်ကို မရောက်နိုင် ဘူး။ ပြီးတော့ လျှပ်စစ်ဓာတ်အား တစ်ခုပဲရမယ်။ ဒီဒေသမှာ ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံတည်ဆောက်ဖြစ်ရင် အ လုပ်လက်မဲ့တွေ အလုပ်ရမယ်။ ဒီရွာသားတွေ လျှပ်စစ်ဓာတ်အား အလကားသုံးရမယ်။ လမ်းတွေ လည်း ကောင်းလာမယ်။ ဒါ ကြောင့် ဒေသအတွက် ပိုအကျိုး ရှိစေမယ့် ဒီစီမံကိန်းကို ထောက် ခံတယ်’’ဟု ဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူဦးစံသိန်းက ပြောကြားသည်။
စီမံကိန်း စတင်အကောင် အထည်ဖော် ဆောင်ရွက်နိုင်ပါက စီမံကိန်းဧရိယာနှင့် ထိစပ်နေသော သကျက်တော၊ ရဘဲ၊ ကျောက်ပုံ စသည့် ကျေးရွာများရှိ အိမ်ခြေ များ တစ်လလျှင် လျှပ်စစ်ယူနစ် ၅၀ ဖြင့် နှစ် ၃၀အတွင်း အခမဲ့သုံးစွဲခွင့်ပြုမည်ဖြစ်ကြောင်း ကု မ္ပဏီမှ အကြိုသဘောတူထားသည်ဟု ဆိုသည်။ ထို့အပြင် ကုမ္ပဏီ၏အမြတ်မှ ၂၀ ရာခိုင်နှုန်းကို ကျေးရွာအား ထောက်ပံ့ပေးခြင်းနှင့်အခြားအချက်များပါဝင်သော သဘောတူစာချုပ် ချုပ်ဆိုရန် ရှိနေသည်ဟု ဆိုသည်။
လက်ရှိတွင် အဆိုပါ စီမံကိန်းအကောင်အထည်ဖော်မည့် ကုမ္ပဏီအကူအညီဖြင့် ကျေးရွာအတွင်းလမ်းများ ပြုပြင်ပေးထားကြောင်း သိရသည်။
ကျေးရွာအတွင်း လျှပ်စစ်မီး နှင့်ပတ်သက်သည့် အစည်းအ ဝေး ကိစ္စဟုသာ သိထားပြီး အဆို ပါ ကျေးရွာသို့ရောက်မှ ဆန္ဒ ထုတ်ဖော်မည်ဟု သိရကြောင်း ဆန္ဒ ထုတ်ဖော်ရာတွင် ပါဝင်ခဲ့သည့် ကျောက်ဝပ်ပြင် ကျေးရွာမှ ဒေါ်ခင်ရီက ပြောကြားသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲ သို့ လာရောက်ရန် ရွာသားများအား ထောက်ခံသူများ၏ ရန်ပုံငွေနှင့် ကုမ္ပဏီအကူအညီဖြင့် စီမံကိန်း ကို ထောက်ခံသည် စာတန်းပါ အင်္ကျီ၊ ကြိုပို့ယာဉ်နှင့် အစားအ သောက်များ စီစဉ်ပေးကြောင်း ဦးဆောင်သူက ဆိုသည်။ ဆန္ဒ လာရောက်ထုတ်ဖော်သည့် ကျေး ရွာများသည် သကျက်တောကျေး ရွာမှ အနည်းဆုံး ၅ မိုင်ကျော်နှင့် ၁၀ မိုင်အတွင်း ကွာဝေးကြောင်း သိရသည်။
‘‘ဒီက ရွာသားတွေ တော် တော်များများက ကန့်ကွက်ထား ကြတာ။ အခုဒီရွာမှာ ဆန္ဒလာပြ တာက ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံစီမံကိန်းကို ထောက်ကို ထောက်ခံတာပေါ့။ ဒါပေမဲ့ ဒီရွာသားက ၂၀ လောက်ပဲပါနေ ပြီး စီမံကိန်းဧရိယာနဲ့ ဝေးတဲ့ တ ခြားရွာသားတွေချည်းပဲ ဖြစ်နေ တယ်ဆိုတော့ ဒီစီမံကိန်းကြီးကို သဘောတူနေကြတဲ့သူတွေရဲ့ ဒေသမှာ သွားလုပ်သင့်တယ်။ ဒါဆိုရင် ကျုပ်တို့လည်း ထောက် ခံတဲ့အကြောင်း ပြန်ပြပေးမယ်။ အခုတော့ ဒီဒေသမှာ မဖြစ်စေဖို့ တရားသော နည်းလမ်းနဲ့ လုပ် ဆောင်သွားမယ်’’ဟု သကျက် တောကျေးရွာမှ ဦးစစ်ထွန်းက ပြောကြားသည်။
သကျက်တော ကျေးရွာမှ ၅ မိုင်အကွာ ရမ္မဇူဒေသတွင် ကုမ္ပဏီနှင့် ပြည်ပနိုင်ငံများမှ ကုမ္ပဏီများ ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်မည့် ကျောက်မီးသွေးသုံး ဓာတ်အား ပေးစက်ရုံ စီမံကိန်းကို ကန့်ကွက် ကြောင်း  ဒေသခံ ၅၀၀ ကျော်ကဒီဇင်ဘာအတွင်း ဆန္ဒထုတ်ဖော်ခဲ့ သည်။
http://7daydaily.com/story/32090#.VObDAMnZGM8

No comments:

Post a Comment