သပိတ်မှောက်ကျောင်းသားများ SSPP/SSA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆေထင်က အလှူငွေပေးအပ်ခဲ့သည်(ဓာတ်ပုံ − DPNS)
အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး တောင်းဆို လှုပ်ရှားမှုကို အပြည့်အ၀ထောက်
ခံပြီး သပိတ်မှောက်ကျောင်းသား များအား အကြမ်းမဖက်ရန် စည်းလုံးညီညွတ်သော
တိုင်းရင်းသားလူမျိုးများအဖွဲ့(UNA)၊ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပါဝင်သော
မိတ်ဖက်အဖွဲ့အစည်း ၃၀ ကျော်တို့က တောင်းဆိုလိုက်သည်။
နိုင်ငံရေးပါတီများနှင့် လူထု အခြေပြုအဖွဲ့အစည်းများ စု ပေါင်းထားသော အဖွဲ့အစည်း တစ်ခုကအမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများ၏ သပိတ်မှောက်ဆန္ဒပြမှုများကို ပထမဆုံးအကြိမ် တရားဝင် ထောက်ခံလိုက်ခြင်း လည်းဖြစ်သည်။
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးတောင်းဆိုလှုပ်ရှားမှု ကို အပြည့်အ၀ထောက်ခံကြောင်း၊ သပိတ်မှောက်ကျောင်းသားများ အပေါ် အကြမ်းမဖက်ရန်နှင့် ပြင်ဆင်ထားသော အမျိုးသားပညာ ရေးဥပဒေကို ပြည် ထောင်စုလွှတ် တော်က အမြန်ဆုံး အတည်ပြုပြဋ္ဌာန်း ပေးရန် ဖေဖော်ဝါရီ ၁၉ ရက်တွင် အဆိုပါအဖွဲ့ အစည်းများက ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။
UNA နှင့် မိတ်ဖက်အဖွဲ့ အစည်းများ၏ တွေ့ဆုံဆွေးနွေးပွဲ ကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ‘၀’ပြည်သွေးစည်းညီညွတ်ရေး ပါတီ၊ မိုင်းလားအဖွဲ့၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ မွန်ပြည်သစ် ပါတီ၊ ကယန်းပြည်သစ်ပါတီ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ချင်း၊ ရခိုင်၊ ကရင်၊ ဓနု၊ ဇိုမီး၊ ရှမ်းပြည် ကိုးကန့်စသည့် တိုင်းရင်းသား ပါတီများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနှင့် လူထုအခြေပြု အဖွဲ့အစည်းများက ပါဝင်ဆွေး နွေးခဲ့ကြခြင်းဖြစ်သည်။
ထို့အပြင် ဒီမိုကရေစီပညာ ရေးလှုပ်ရှားမှုဦးဆောင်မှုကော်မ တီသို့ UNA နှင့် မိတ်ဖက်အဖွဲ့ အစည်းများ၊ လူ့ဘောင်သစ်ဒီမို ကရက်တစ်ပါတီတို့က စုစုပေါင်း အလှူငွေ ကျပ် ၃၅ သိန်းလှူ ဒါန်းခဲ့သည်ဟု သတင်းရရှိသည်။
အဆိုပါအဖွဲ့အစည်းများက ကျောင်းသားလှုပ်ရှားမှုများကို ထောက်ခံကြောင်း ကြေညာခဲ့ သည့်အပြင် ပြည်ထောင်စုအဆင့် ညီလာခံအမြန်ဆုံးကျင်းပနိုင်ရေး အတွက် အကြိုနိုင်ငံရေးဆွေးနွေး ပွဲနှင့် မူဘောင်တစ်ခုရေးဆွဲရန်၊ စစ်ရေးပဋိပက္ခအားလုံးကို တွေ့ ဆုံဆွေးနွေးပြီး ဖြေရှင်းရန် တောင်းဆိုကြေညာခြင်းလည်းဖြစ်သည်။
ယခုဆွေးနွေးပွဲသည် ဒုတိယအကြိမ်မြောက်ဆွေးနွေးပွဲဖြစ်ပြီး ကြေညာချက်ထုတ်ရုံမဟုတ်ဘဲ လက်တွေ့ဆောင်ရွက်နိုင်ရန် လုပ်ငန်းအဖွဲ့များကို အစုအဖွဲ့ လေးခုမှ ကိုယ်စားလှယ်များဖြင့် အမြန်ဆုံးဖွဲ့စည်းဆောင်ရွက်သွားမည်ဟု UNA ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းညွန့်လွင်ကပြောသည်။
http://7daydaily.com/story/32095#.VObC3MnZGM8

No comments:
Post a Comment