ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကိုယ်စားလှယ်များက ၎င်းတို့မြို့နယ်ရှိ စည်ပင်
သာယာဝန်ထမ်းများ ပူးပေါင်း လုပ်ဆောင်ခြင်းမရှိပါက ရန်ကုန်မြို့
တော်ဝန်သို့ လာရောက်တိုင်ကြား နိုင်သည်ဟု သတင်းရရှိသည်။
မြို့တော်ဝန်သို့လာရောက် တိုင်ကြားနိုင်ကြောင်းကို ခရိုင်အဆင့်ဥက္ကဋ္ဌ၊ မြို့နယ်အဆင့် ဥက္ကဋ္ဌနှင့်စည်ပင်အုပ်ချုပ်ရေးမှူးများသာ တက်ရောက်ခွင့်ရသည့် အစည်းအဝေးတွင် ပြောကြားခြင်းဖြစ်သည်ဟု မြောက်ပိုင်ခရိုင်မြို့နယ် ကော်မတီဥက္ကဋ္ဌ ဦးဇော်ဇင်ကဆိုသည်။
‘‘လုပ်ငန်းပိုင်း တချို့ကိစ္စ တွေမှာ ပူးပေါင်းဆောင်ရွက်မှု တွေ အားနည်းပါတယ်။ အဲဒီလို ကိစ္စမျိုးတွေဖြစ်လာရင် ပူးပေါင်း မလုပ်ချင်သူတွေကို မြို့တော်ဝန် နဲ့ အတွင်းရေးမှူးတို့က သူတို့ကို လာရောက်တိုင်နိုင်တယ်လို့ပြော ပါတယ်’’ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ခရိုင်အဆင့်သို့ တက်ရောက်လာသည့် တိုင်စာ အများစုမှာ မြေယာနှင့် လိုင်စင်မဲ့ ဆောက်လုပ်သည့် တိုက်ကိစ္စများသာများကြောင်း မြောက်ပိုင်း ခရိုင်ကော်မတီဥက္ကဋ္ဌ ဦးမင်းဟန်က ဆိုသည်။
‘‘စည်ပင်ဝန်ထမ်းတချို့ စည်းကမ်းမဲ့ပြီး ပိုက်ဆံပေးတဲ့ အဆောက်အအုံတွေဆိုရင် မသိ ချင်ယောင်ဆောင်တယ်။ ပိုက်ဆံ မပေးတဲ့သူတွေဆိုရင်တော့ စည် ပင်ဥပဒေနဲ့ အရေးယူတယ်ဆိုတာ တွေကို ပြည်သူတွေက စာရင်းနဲ့ တိုင်တာတွေရှိတယ်။ ဒါတွေကို သေချာစစ်ဆေးဖို့ရှိတယ်’’ဟု ၎င်း က ပြောသည်။
စည်ပင်ကော်မတီဝင်များအနေဖြင့် မိမိတို့လုပ်ကိုင်လို သည့်ကိစ္စအများစုတွင် စည်ပင်ဝန်ထမ်းများနှင့် သဘောထားကွဲလွဲမှု အချို့ရှိကြောင်း အနောက်ပိုင်းခရိုင်မှ စည်ပင်သာယာအုပ်ချုပ်ရေးမှူး တစ်ဦးက ဆိုသည်။
‘‘အစည်းအဝေးမှာလည်း လူကြီးတွေက ပြောပါတယ်။ ကော်မတီဥက္ကဋ္ဌတွေနဲ့ လွှတ် တော်ကိုယ်စားလှယ်တွေတင်ပြ တဲ့ကိစ္စတွေကို ဦးစားပေးလုပ်ဖို့ ပါ။ နောက်တစ်ခု ကျွန်တော်တို့ ကလည်း ငွေပေါ်မူတည်ပြီးလုပ်ရ တဲ့တချို့ကိစ္စတွေကိုလည်း ကော် မတီဝင်တွေနားလည်အောင်ရှင်း ပြပါတယ်’’ဟု ၎င်းက ပြောသည်။
http://7daydaily.com/story/32079#.VObJosnZGM8

No comments:
Post a Comment