February 23, 2015

တိုက်ပွဲများတစ်လျှောက် တပ်မတော်မှ ၅၇ ဦးကျ၊ ကိုးကန့်တိမ်းရှောင်ဘက်မှ ၇၅ ဦးသေ

 လောက်ကိုင်ဒေသတွင်  တိုက်ပွဲများဆက်လက်ဖြစ်ပွားရာ ဖေဖော်ဝါရီ ၉ရက်မှ ယမန်နေ့ (ဖေဖော်ဝါရီ ၂၂ရက်) မွန်းလွဲပိုင်း အထိ မြန်မာ့တပ်မတော်မှ ၅၇ဦး  ကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၂၆ဦး ရှိကြောင်းသတင်းရရှိသည်။
ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့ ၀င်များက လောက်ကိုင်-ကုန်း ကြမ်းကားလမ်းပေါ်ရှိ ၁၈မိုင်လမ်း ဆုံအနီး တောင်ကုန်းများကို ယာ ယီစခန်းချ၍ ဆက်သွယ်ရေးလမ်း ကြောင်းအား ထိန်းချုပ်ဖြတ် တောက်ထားသောကြောင့်တပ်မ တော်စစ်ကြောင်းကလေကြောင်း ပစ်ကူခဲ့ရပြီး ဖေဖော်ဝါရီ ၂၁ရက် ညနေမှ ၂၂ရက်မွန်းလွဲပိုင်းအထိ  တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ကာ စစ်ဗျူဟာအရ အရေးကြီးသော တောင်ကုန်းများကို သိမ်းယူနိုင်ခဲ့ ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖေဖော်ဝါရီ ၂၂ ရက် နေ့ညတွင် သတင်းထုတ်ပြန်သည်။
ထို့ကြောင့် လောက်ကိုင်- တာရွှေထန်-၁၈မိုင်-ညံခွမ်းလမ်း ကြောင်းကို တပ်မတော်စစ် ကြောင်းများက ပြန်လည်ထိန်း ချုပ်နိုင်ခဲ့ပြီး လမ်းပန်းဆက်သွယ် မှုများပုံမှန်ပြန်လည်ဆောင်ရွက်နိုင်ခဲ့သောအခြေအနေသို့ရောက်ရှိ လာပြီဖြစ်ကြောင်း သတင်းရရှိ သည်။ထို့အပြင် တပ်မတော်စစ် ကြောင်းများနှင့် ကိုးကန့်တိမ်း ရှောင်သူများသည် လောက်ကိုင် မြို့အနီးတွင် တစ်ကြိမ်၊ လော် ကွာကျိုင်းအနီး၌တစ်ကြိမ်၊ လုံ ထန်ရွာအနီးတွင်တစ်ကြိမ်စစ်ပွဲ ထိတွေ့မှုများဖြစ်ပွားခဲ့သည်။
ဖေဖော်ဝါရီ ၂၁ရက် ညနေ ပိုင်းမှ ဖေဖော်ဝါရီ ၂၂ရက် မွန်း လွဲပိုင်းအထိ တပ်မတော်နှင့်ကိုး ကန့်တိမ်းရှောင်သူများအကြား ထိတွေ့တိုက်ပွဲ ငါးကြိမ်ဖြစ် ပွားခဲ့ပြီးတပ်မတော်မှ စစ်သည် လေးဦးကျဆုံးခဲ့ကာ အရာရှိ၊စစ် သည် ၂၁ဦးဒဏ်ရာရရှိခဲ့သည်။ ဖေဖော်ဝါရီ ၉ ရက်မှ ၂၁ရက်အထိ  တပ်မတော်မှကျဆုံးသူ ၅၄ဦးရှိပြီး ၁၀၅ဦးဒဏ်ရာရရှိခဲ့သည်။ ထို့ ကြောင့် တိုက်ပွဲတစ်လျှောက် တပ်မတော်ဘက်မှ ကျဆုံးသူ ၅၇ ဦးရှိပြီဖြစ်သည်။ ထို့အတူ ကိုးကန့်တိမ်းရှောင် သူများဘက်မှလည်းအလောင်း သုံးလောင်း၊ လက်နက်ငယ်မျိုးစုံ၊ ခဲယမ်းဆက်စပ်ပစ္စည်းများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများသိမ်း ဆည်းရရှိခဲ့ကြောင်းသတင်းထုတ် ပြန်သည်။
ဖေဖော်ဝါရီ ၂၁ရက်က ပြု လုပ်ခဲ့သော သတင်းစာရှင်းလင်း ပွဲတွင် ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့ မှ တပ်မဟာမှူးအဆင့်ရှိသူတစ်ဦး အပါအ၀င် ၇၂ဦးသေဆုံးခဲ့ ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးကပြောသည်။ ထို့ ကြောင့် ကိုးကန့်တပ်ဖွဲ့မှ စုစု ပေါင်း ၇၅ ဦး သေဆုံးခဲ့သည်။
http://7daydaily.com/story/32366#.VOqvkMnZGM8

No comments:

Post a Comment