February 23, 2015

ကိုးကန့်ဒေသပြန်လည်ထူထောင်ရေး သမ္မတညွှန်ကြားချက်ဖြင့် အဖွဲ့အစည်းတစ်ရပ်ဖွဲ့စည်းထားဟုဆို

တပ်မတော်ရဟတ်ယာဉ်တစ်စီး လားရှိုးမြို့အနီး ဝေဟင်တွင် ပျံသန်းနေသည်ကို ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ်(ဓာတ်ပုံ − ရဲအောင်သူ/အေအက်ဖ်ပီ)
တိုက်ပွဲများဖြစ် ပွားနေသော ကိုးကန့်ဒေသပြန်လည်ထူထောင်ရေးဆောင်ရွက်ရန် သမ္မတကိုယ်တိုင်ဝန်ကြီး ဌာနများကို  ညွှန်ကြားထားကာ အဖွဲ့အစည်းတစ်ရပ်ဖွဲ့စည်းဆောင်ရွက်ထားကြောင်း  ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။
‘‘ကျွန်တော်တို့ဘက်က အ ဆင်သင့်ပါပဲ။ သိပ်မကြာခင် ပြန် လည်ထူထောင်ရေးအဖွဲ့တွေ ပြန် လည်ထူထောင်ရေး၊ နေရာချထား ရေးတွေ ထပ်ပြီး လိုက်သွားဖို့ရှိပါ တယ်။ အေးချမ်းတာနဲ့ သွားမှာပါ’’ဟု ဦးအောင်မင်းက ဖေဖော်ဝါရီ ၂၀ ရက်ပြည်ထောင်စုလွှတ်တော်တွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။
 ကိုးကန့်ဒေသ ပြန်လည် ထူထောင်ရေးကိစ္စရပ်များဆောင် ရွက်ရန် ဘတ်ဂျက်ကို သမ္မတသီး သန့်ရန်ပုံငွေမှ ထုတ်ယူသုံးစွဲမည် ဖြစ်ပြီး လိုအပ်ပါက လွှတ်တော်မှ တင်ပြတောင်းခံမည်ဟု ဦးအောင် မင်းကဆိုသည်။
‘‘ဌာနတွေလည်း ပိုက်ဆံတွေရှိပါတယ်။ ပိုက်ဆံကိစ္စအတွက် တော့ စိတ်မပူပါနဲ့’’ဟု ကိုးကန့် ဒေသ ပြန်လည်ထူထောင်ရေးအတွက် ဘတ်ဂျက်နှင့် ပတ်သက်၍ ဦးအောင်မင်းက ပြောကြားသည်။
မြန်မာ့တပ်မတော်နှင့် ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်တိမ်းရှောင်အဖွဲ့တို့  ဖေဖော်ဝါရီ ၉ ရက်တွင်တိုက်ပွဲများစတင်   ဖြစ်ပွားခဲ့သောကြောင့် ယင်းဒေသကို စွန့်ခွာထွက်ပြေးသော ဒုက္ခသည်များ  ထောင်ကျော်ရှိလာပြီဖြစ်သည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လောက်ကိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်ကလည်း ကိုးကန့်ဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ရန်ကုန်၊ မန္တလေးနှင့် လားရှိုးမြို့မှ ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များ၊ ကိုးကန့်ယဉ်ကျေးမှုအဖွဲ့များ၊တပ်မတော်ဘက်မှ အရာရှိများနှင့် လွှတ်တော်ကိုယ်စားလှယ်များပါဝင်သော ဖောင်ဒေးရှင်းတစ်ရပ်ဖွဲ့စည်းသွားမည်ဟု ပြောကြားသည်။
 လက်ရှိတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို  အရေးပေါ်အခြေအနေကြေညာထားပြီး စစ်အုပ်ချုပ်ရေးအမိန့်ကို လည်း ဖေဖော်ဝါရီ ၁၇ ရက်က ထုတ်ပြန်ထားသည်။
http://7daydaily.com/story/32238#.VOqWycnZGM8

No comments:

Post a Comment