February 23, 2015

ကိုးကန့်ဒေသတိုက်ပွဲတွင် တရုတ်နိုင်ငံပါဝင်ခြင်းမရှိကြောင်း ဦးအောင်မင်းပြောကြား

ကိုးကန့်ကိုယ်ပိုင်  အုပ်ချုပ်ခွင့်ရဒေသတွင် မြန်မာ့ တပ်မတော်နှင့် ဖုန်ကြားရှင်၏ ကိုးကန့်တိမ်းရှောင်လက်နက် ကိုင်တပ်ဖွဲ့များကြား ဖြစ်ပွား သော တိုက်ပွဲများ၌ တရုတ်နိုင်ငံ  ပါဝင်ခြင်း မရှိကြောင်း နိုင်ငံ တော်သမ္မတရုံးပြည်ထောင်စုဝန် ကြီး ဦးအောင်မင်းကပြောကြား လိုက်သည်။
‘‘ဖုန်ကြားရှင်တို့ ကိုးကန့် လူမျိုးတွေက တကယ်တော့ လည်း တရုတ်နယ်မြေမှာ ကိုး ကန့်လူမျိုးတွေရှိပါတယ်။ အဲဒီ တော့သူတို့အမျိုးအချင်းချင်းဝင် ပြီးတော့ တိုက်တာ၊ ခိုက်တာတော့ရှိချင်ရှိမှာပေါ့ဗျာ။ တရုတ်က ပါ တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ အခိုင်အမာလည်း မရဘူး။ တရုတ်က နိုင်ငံကြီးဖြစ်ပါတယ်။ နိုင်ငံကြီးဖြစ်တော့ International Law နဲ့ပဲလုပ်မှာပဲ။ သူကိုယ်တိုင် ပါစရာမလိုပါဘူး’’ဟု ပြည်ထောင်စုဝန်ကြီးကဆိုသည်။
ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်  တော်အစည်းအဝေးကို ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်  အရေးပေါ်အခြေအနေကြေညာ ခြင်းနှင့် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခြင်းတို့ကို အတည်ပြု ပေးရန် လာရောက်တင်ပြသော ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်းက လွှတ်တော်အစည်းအဝေး အပြီးတွင် သတင်းမီဒီယာများအား ပြောကြားခဲ့ခြင်းဖြစ်သည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ ဖုန်ကြားရှင်၏ ကိုးကန့်တိမ်းရှောင်အဖွဲ့ကို တရုတ်မှ ထောက်ပံ့ပေးမှုများရှိ ကြောင်း ဝေဖန်သုံးသပ်မှုများ သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း က နိုင်ငံရေးအသိုင်းအ၀ိုင်း အတွင်း ထွက်ပေါ်လာခဲ့သည်။
ယခုလ ၉ ရက်မှစတင်ပြီး  မြန်မာ့ တပ်မတော်နှင့် ဖုန်ကြားရှင်၏ ကိုးကန့်တိမ်းရှောင် လက်နက် ကိုင်အဖွဲ့တို့ကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။
မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက်ပါ ပြဋ္ဌာန်းချက်များနှင့် အညီ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဟု အစိုးရ၏ သတင်း ထုတ်ပြန်ရေး အဖွဲ့က ဖေဖော်ဝါရီ ၁၆ရက်ကကိုးကန့်အုပ်ချုပ်ခွင့်ရဒေသ တည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်သည်။
http://7daydaily.com/story/32236#.VOqWzcnZGM8

No comments:

Post a Comment