လောက်ကိုင်မြို့တွင်းလုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်သားများ (ဓာတ်ပုံ−လင်းဘိုဘို/အီးပီအေ)
ကိုးကန့်ကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရဒေသတွင် အရေး ပေါ်အခြေအနေကြေညာခြင်းနှင့် စစ်အုပ်ချုပ်ရေး
အမိန့်ထုတ်ပြန် ခြင်းတို့ကို ဖေဖော်ဝါရီ ၂၀ ရက် တွင် ကျင်းပသော ပြည်ထောင်စု
လွှတ်တော်အစည်းအဝေးက ကန့်ကွက်သူမရှိ အတည်ပြုပေး လိုက်သည်။
အဆိုပါ ဒေသတွင် အရေး ပေါ်အခြေအနေကြေညာခြင်းနှင့် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးရန် နိုင်ငံတော် သမ္မတရုံး၊ ပြည်ထောင်စုဝန် ကြီး ဦးအောင်မင်းက နိုင်ငံတော် သမ္မတကိုယ်စား ပြည်ထောင်စု လွှတ်တော်သို့ ဖေဖော်ဝါရီ ၂၀ ရက်က အဆိုတစ်ရပ်တင်သွင်း ခဲ့သည်။
ကိုးကန့်ဒေသတွင် အရေး ပေါ်အခြေအနေကြေညာခြင်းနှင့် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန် ခြင်းတို့ကို ပြည်ထောင်စုလွှတ် တော်တွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးမန်းဂျော်နီနှင့် ဒေါက်တာဇော် မြင့်မောင်တို့က ထောက်ခံဆွေး နွေးခဲ့ကြပြီးနောက် ပြည်ထောင် စုလွှတ်တော်ကလည်း ကန့်ကွက် သူမရှိဘဲ အတည်ပြုပေးခဲ့သည်။
တိုက်ပွဲများ ဖြစ်ပွားနေသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီ ၁၇ ရက်တွင် အမိန့် အမှတ်(၁/၂၀၁၅) ဖြင့် အရေး ပေါ်အခြေအနေကြေညာခဲ့ပြီး အမိန့်အမှတ် (၂/၂၀၁၅)ဖြင့် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၃၇ တွင် တပ်မတော် သည် နိုင်ငံတော်ကာကွယ်ရေးအ တွက် အဓိကကျသော လက်နက် ကိုင်အဖွဲ့အစည်းဖြစ်ပြီး ပုဒ်မ ၃၄၁ တွင် နိုင်ငံတော်၌ နိုင်ငံသားတို့အတွက် ဘေးအန္တရာယ် ကျရောက်လာမည်ဆိုလျှင် တပ်မတော်က ကာကွယ် စောင့်ရှောက်ရမည်ဟု ပါရှိသည့်အတွက် (၁/၂၀၁၅)နှင့် (၂/၂၀၁၅)တို့သည် အမိမြေတည်တံ့ခိုင်မြဲရေး အတွက် ပြည်သူများ၏ ဘ၀လုံခြုံရေးနှင့် အေးချမ်းသာယာရေး အတွက် ဆောင်ရွက်ရခြင်း ဖြစ်၍ ထောက်ခံကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြည်ထောင်စု လွှတ်တော်သို့ ပြောသည်။
ဖေဖော်ဝါရီ ၉ ရက်မှ စတင် ကာ ရှမ်းပြည်နယ် ကိုးကန့်ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လောက် ကိုင်မြို့တွင် မြန်မာတပ်မတော် နှင့် ဖုန်ကြားရှင်၏ ကိုးကန့်လက် နက်ကိုင် အဖွဲ့တို့ကြား တိုက်ပွဲ များ ဖြစ်ပွားခဲ့သည်။
http://7daydaily.com/story/32212#.VOqXD8nZGM8

No comments:
Post a Comment