February 26, 2015

တရားသူကြီးပြောင်းရွှေ့သွား၍ မင်းအုပ်စိုးရုံးချိန်း မတ်လသို့ရွှေ့ဆိုင်း

မင်းအုပ်စိုးကို ရုံးထုတ်လာစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
လူသတ်မှုဖြင့် တရားစွဲ ခံထားရသော သရုပ်ဆောင်မင်း အုပ်စိုး၏ အမှုကို စစ်ဆေးနေ သော တရားသူကြီး ပြောင်းရွှေ့ သွားသောကြောင့် ဖေဖော်ဝါရီ ၂၅ ရက် ရုံးချိန်းတွင် စစ်ဆေးနိုင် ခြင်းမရှိကြောင်း သတင်းရရှိ သည်။
‘‘ပြောင်းသွားတဲ့ တရားသူ ကြီးနေရာကို နောက်ထပ်တရား သူကြီး မရောက်သေးတာကြောင့် မစစ်ဆေးဖြစ်တာပါ’’ ဟု မင်းအုပ် စိုး၏ ရှေ့နေက ပြောသည်။
အနောက်ပိုင်းခရိုင်တရားရုံး မှ ယခုရက်အတွင်း အမှုကို စစ် ဆေးနေသော တရားသူကြီး အ ပါအဝင် ပြောင်းရွှေ့သွားသည့် တရားသူကြီးသုံးဦးခန့်ရှိကြောင်း သတင်းရရှိသည်။
ထို့ကြောင့် မတ်လ ၁၁ ရက် သို့ ထပ်မံရုံးချိန်းခဲ့ပြီး အဆိုပါရုံး ချိန်းတွင် ၎င်းတို့ဘက်မှ သက်သေ များကို စစ်ဆေးသွားမည်ဟု မင်း အုပ်စိုး၏ ရှေ့နေကပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက် ရုံးချိန်းတွင် တရားလိုအနေ ဖြင့် တရားစွဲဆိုခဲ့သော ရဲအရာရှိ အား မင်းအုပ်စိုး၏ ရှေ့နေက မေး ခွန်းများ မေးမြန်းခဲ့သည်။
မေးခွန်းအများစုမှာ အခင်းဖြစ်ပွားချိန်တွင် ဖြစ်ပျက်ခဲ့သည့် အခြေအနေများကိုသာ မေးမြန်းခဲ့သည့်အတွက် တရားလိုက မသိရှိ ကြောင်း ဖြေကြားခဲ့သည်။
မင်းအုပ်စိုး၏ ရှေ့နေကမူ ယခုအမှုတွင် ၎င်း၏ အမှုသည်မှာ ရည်ရွယ်ချက်ရှိရှိဖြင့် သတ်ခဲ့ခြင်း မဟုတ်ဘဲ လူမှုရေးကိစ္စ စကား များရာမှ မတော်တဆ သေဆုံး ခြင်းသာဖြစ်ကြောင်း ပြောကြား ထားသည်
http://7daydaily.com/story/32542#.VO6Jr44YuM8

No comments:

Post a Comment