February 26, 2015

ကိုးကန့်တိမ်းရှောင်အဖွဲ့က လောက်ကိုင်မြို့တွင်းသို့ လက်နက်ကြီးဖြင့်ပစ်၊ တစ်ဦးသေ လေးဦးဒဏ်ရာရ

ကိုးကန့်တိမ်းရှောင်အဖွဲ့က လောက်ကိုင်မြို့တွင်းသို့ ဖေဖော်ဝါရီ ၂၅ ရက် နံနက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၆ နာရီခွဲခန့်တွင် ကိုးကန့်လက် နက်ကိုင်အဖွဲ့များက လောက်ကိုင်မြို့ မြောက်ဘက်ရှိ စီအော ကျေးရွာဘက်မှ လောက်ကိုင်မြို့တွင်းသို့ လက်နက်ကြီးဖြင့် ပစ် ခတ်ခဲ့ရာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးပယ်စောက်ချိန်၏ နေအိမ်ဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ ပြီး ကိုးကန့်လုံခြုံရေးအဖွဲ့မှ တစ်ဦးသေဆုံး၍ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယမန်နေ့ မွန်းလွဲတွင် ကုန်းကြမ်း-လောက်ကိုင်ကားလမ်း မိုင်တိုင် ၂၃ အနီးရှိ ကိုးကန့် လက်နက်ကိုင်အဖွဲ့များ ယာယီခြေကုပ်ယူထားသည့် စစ်ဗျူဟာအရ အရေးကြီးသော ပွိုင့် -၂၁၇၅ တောင်ကုန်းကို တပ်မတော်က တိုက်ခိုက်သိမ်းယူခဲ့သည်။
ထို့အပြင် ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၁ နာရီခန့်က ကွတ်ခိုင်မြို့အတွင်း ကင်းလှည့်နေသည့် တပ်မတော်စစ်ယာဉ်တန်းကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ကုန်းကြမ်း-လောက်ကိုင် ကားလမ်းပေါ်ရှိ ၁၈ မိုင်လမ်းဆုံ အနီးတစ်ဝိုက်၌ ကိုးကန့်တိမ်းရှောင်အဖွဲ့များ ယာယီခြေကုပ်ယူထားသည့်စစ်ဗျူဟာအရ အရေးကြီးသော တောင်ကုန်းများကို ဖေဖော်ဝါရီ ၂၂ ရက်တွင် သိမ်းယူပြီးနောက် တပ်မတော်စစ်ကြောင်းများက ကိုးကန့်လက်နက်ကိုင်အဖွဲ့များ ဆုတ်ခွာသွားသည့် တောင်ကုန်းများ ၀န်းကျင်တွင် နယ်မြေရှင်းလင်းခဲ့သည်။
ယခုလ ၉ ရက်မှစတင်၍ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့တို့ကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ရာ ဖေဖော်ဝါရီ ၂၃ ရက်အထိ တပ်မတော်မှ ၆၀ ဦး ကျဆုံးခဲ့ကာ ကိုးကန့်လက်နက်ကိုင်အဖွဲ့ မှ ၈၀ ဦး သေဆုံးခဲ့ကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
http://7daydaily.com/story/32546#.VO6JhI4YuM8

No comments:

Post a Comment