February 27, 2015

ဂူးဂဲလ်၏ ၀န်ဆောင်မှုအားလုံးနီးပါး မြန်မာဘာသာဖြင့် အသုံးပြုနိုင်ရန် စီစဉ်

ဂူးဂဲလ်အနေဖြင့် ၎င်းတို့ ၏၀န်ဆောင်မှုနှင့် ထုတ်ကုန်အား လုံးနီးပါးတွင် မြန်မာစာစနစ်ဖြင့် အသုံးပြုနိုင်ရန် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဂူးဂဲလ်ထုတ်ကုန်ဆိုင်ရာမန်နေဂျာ မစ္စတာ Divon Lanက ပြောကြားသည်။
‘‘အင်တာနက်ကို မြန်မာနိုင်ငံက လူတွေပိုပြီး သုံးစေချင်တယ်ဆိုရင် မြန်မာစကားနဲ့က ပိုပြီး အဆင်ပြေမယ်။ နည်းပညာတွေကို မြန်မာစကားနဲ့ လေ့လာမှုတွေ အများကြီးလုပ်နိုင်မယ်ဆိုရင် လမ်းဘေးက လူတွေကအစ အသုံးပြုနိုင်မှာဖြစ်ပါတယ်’’ဟု ဂူးဂဲလ်ထုတ်ကုန်ဆိုင်ရာမန်နေဂျာမစ္စတာ Divon Lan ကဆိုသည်။
လက်ရှိတွင် မြန်မာစာစနစ်ဖြင့် အသုံးပြု၍ရသော ဂူးဂဲလ်၏ ၀န်ဆောင်မှုများမှာ google.com.mm၊ Gmail၊ Googel Map၊ Android Version 5.0(Lollipop)၊ Chrome Browser နှင့် Google Translate တို့ဖြစ်သည်။
ဆက်လက်၍ ၎င်းတို့၏ ၀န်ဆောင်မှုအသစ်များတွင်လည်း မြန်မာစာစနစ် ထောက်ပံ့ပေးသွားရန် ဆောင်ရွက်လျက်ရှိပြီး ဘာသာစကားများကို အသံဖြင့် ဘာသာပြန်ပေးနိုင်သည့်စနစ်၊ စမတ်ဖုန်း၊ ကင်မရာဖြင့် ရိုက်ကာ ဘာသာပြန်ပေးနိုင်သည့် စနစ်နှင့် Youtube ရှိ ဗီဒီယိုများကို မြန်မာဘာသာသို့ ဘာသာပြန်ပေးသည့်  စနစ်များတွင်လည်း  ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း Googleက ဆိုသည်။
‘‘မြို့မှာဖြစ်ဖြစ်၊ ကျေးလက်မှာဖြစ်ဖြစ် ဘယ်မှာပဲနေနေ၊ ဘယ်ဘာသာစကားပဲ သုံးစွဲပါစေ။ ဂူးဂဲလ်အနေနဲ့ အားလုံးတစ်ပြေးညီသုံးစွဲခွင့်ရဖို့ လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်’’ဟု မစ္စတာ Divon Lan ကပြောသည်။

ဂူးဂဲလ်သည် ၎င်းတို့၏ အောင်မြင်မှုအရှိဆုံးဝန်ဆောင်မှုဖြစ်သည့် Google Translate အတွက် ဘာသာစကားပေါင်း ကိုးဆယ်ကျော်ထောက်ပံ့ပေးထားပြီး အဆိုပါဝန်ဆောင်မှုကို အသုံးပြုသူဦးရေ သန်းငါးရာအထိရှိကာ နေ့စဉ်တစ်ဘီလီယံအထိ ဘာသာပြန်ဆိုမှုများပြုလုပ်ပေးနေရကြောင်း သိရသည်။
http://7daydaily.com/story/32629#.VO_f744YuM8

No comments:

Post a Comment